Chapter 114

3.5K 513 13
                                    

Zawgyi
{ အိမ်ပြန်ရောက်ရင် ရှင်းပြမယ် - ၃ }

" ကောင်းတာပေါ့။ ကိုယ်ဝန်ဆောင်ကာလပ အရမ်းပင်ပန်းတဲ့ကာလမျိုး။ အန်တီ့သမီး ဝမ်ဝမ်လေးကို လွယ်ထားတုန်းကဆို ပထမဆုံးတစ်လမှာပဲ တော်တော်အန်ခဲ့တာ။ " ထိုသို့ပြောရင်းဖြင့် ရှန်းရှုဟာ သမီးဖြစ်သူလက်ကို ကိုင်လိုက်ကာ " ဒါက အန်တီ့သမီး ဝမ်ဝမ်လေ။ သမီးတို့တွေ ဝမ်ဝမ်နဲ့ မတွေ့တာ ကြာပြီမလား " ထို့နောက်တွင် ရှန်းရှုဟာ ဝမ်ဝမ်ရဲ့ကျောကို ဆွဲဆိတ်လိုက်လေ၏။

ချန်းဝမ်သည် ဟောင်ဖွာဟောင်ဖွာလုပ်တတ်တဲ့ သူမအမေအကြောင်းကို သိတာကြောင့် ရီကျန်းနှင့်ရီချင်းတို့ကို ကြည့်လိုက်ရင်း အသံတိုးတိုးဖြင့် နှုတ်ဆက်လိုက်လေသည်။
" Hi ရီကျန်း... Hi ရီချင်း "

ရီချင်းကတော့ ခေါင်းတစ်ချက်သာ ညိမ့်ပြလိုက်ပေသည်။ သူမဟာ ဝမ်ဝမ်နှင့် စကားပြောချင်ပုံမရချေ။

ချန်းဝမ်ဟာ သူမ သိသလောက်ဆိုရင် ရီကျန်းသည် တစ်ယောက်တည်း အေးအေးဆေးဆေး တိတ်တဆိတ်နေတတ်ပြီး ​စကား မပြောတတ်မဆိုတတ်သူဟုပင်။ ယုံကြည့်မှုအပြည့်နှင့် ပြောရဲဆိုရဲသောရီချင်းနှင့်မတူဘဲ ရီကျန်းဟာ ချောင်လေးထဲတွင် တိတ်တိတ်လေးသာ နေနေတတ်သူဖြစ်သည်ဟုပေါ့။ မိသားစုတွေ ဆုံကြသည့်နေ့မျိုးတွင် ရီကျန်းရဲ့ဖြစ်တည်မှုဟာ အမြဲဆိုသလို ပျောက်ရှနေတတ်ပေတယ်။

ရီကျန်းသည် သူမရှေ့မှ ပိန်သွယ်သွယ်မိန်းကလေးကို ကြည့်လိုက်ပြီး " ဝမ်ဝမ်တောင် တစ်နေ့တစ်ခြားပိုပို လှလာတာပဲ။ ဒါနဲ့ ဝမ်ဝမ်က ဘွဲ့ရော ယူပြီးပြီလား "

" ဝမ်ဝမ်က အခုကောလိပ်မှာ စီနီယာဖြစ်နေပြီး လက်တွေ့တောင် ဆင်းနေရပြီ။ နောက်နှစ်လောက်ဆို ဘွဲ့ရော ဒီပလိုမာရော ရနေလောက်ပြီလေ။ "  ထိုစကားကိုတက်ကြွစွာပြောပြီးနောက်တွင် ရှန်းရှုသည် သက်ပြင်းတစ်ချက်ချလိုက်၏။

" ဒါတာင်မှကွယ် အန်တီက သူ့အတွက် စိတ်ပူနေရတုန်းပါပဲ။ အလုပ်တွေလျှောက်ထားတာကလည်း အကြောင်းမပြန်ကြဘူးလေ။ အခု သူ လက်တွေ့ဆင်းနေတဲ့ သမီးရဲ့အဖေ (အဖေရီ)ရဲ့ကုမ္မဏီကလည်း သိပ်အဆင်မပြေဘူးလေ။ ဒါ​ကြောင့်လည်း သူဘွဲ့ရပြီးရင် သမီးအဖေရဲ့ကုမ္မဏီမှာ အလုပ်နေရာတောင်းဖို့တောင် အားနာနေပြီတယ်ကွယ် "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now