Chapter 120

4.2K 726 22
                                    

Zawgyi
{ မင်းကို ဒီနေရာမှာပဲ စောင့်နေမယ် - ၃}

အမေလုဟာ သက်ပြင်းချလိုက်ပြီး
" အမေက ဘယ်လိုလို အိပ်ပျော်ပါ့မလဲကွယ် "
အမေလုသည် သူမက လုပေရွှမ်းကို မွေးချိန်တုန်းက ရီကျန်းယခုခံစားနေရသလို ခံစားခဲ့ရပေတယ်။ သူမသည် နေ့ရော ညပါ နာကျင်မှုကို ခံစားခဲ့ရပြီးနောက်မှာမှ လုပေရွှမ်းကို မွေးဖွားနိုင်ခဲ့ခြင်းဖြစ်သည်။

ဒါ့ကြောင့်အမေလုသည် ရီကျန်းရဲ့ခံစားချက်ကို ကိုယ်ချင်းစာမိပေ၏။ အမျိုးသမီးတစ်ဉီးဖြစ်နေတာကြောင့်လည်း ခံစားချက်ကို မျှဝေခံစားမိပေတယ်။ ကိုယ်တိုင်လည်း ယခုလိုနာကျင်မှုမျိုးကို ခံစားခဲ့ရတာကြောင့် ရီကျန်းအတွက် သူမကိုယ်တိုင်လည်း ချွေးအေးတို့ပြန်နေမိသည်။

တဖြည်းဖြည်း ကောင်းကံယံဟာ ပုစွန်ဆီရောင်သန်းလာခဲ့ကာ ညအမှောင်တို့လွှင့်ပြယ်ပြီး အာရုဏ်ဉီးသို့ကူးပြောင်းခဲ့လေသည်။ ခဏအကြာတွင် နေမင်းကြီးဟာ မြင့်သထက်မြင့်ခဲ့ပြီး အာရုဏ်ဉီးမှ နံနက်ခင်းသို့ ရောက်လာခဲ့၏။

နေရောင်ခြည်မျှင်တန်းတို့ဟာ မှန်ပြတင်းပေါက်မှတဆင့် ဆေးရုံအခန်းထဲသို့ ဝင်ရောက်လာကာ အလင်းပေးနေ၏။ ထိုရောင်ခြည်မျှင်တို့​က ရီကျန်းရဲ့မျက်လုံးစူးစေတာကြောင့် သူမဟာ သူမမျက်လုံးကို လက်ဖြင့်အုပ်ထားကာ " မျက်စိစူးတယ်... "

ထိုအခါ လုပေရွှမ်းဟာ ချက်ချင်းဆိုသလို လိုက်ကာကို ဆွဲပိတ်လိုက်ပြီး ရီကျန်းဘက်သို့ ပြန်လှည့်လိုက်ပေတယ်။

" သက်သာရဲ့လား။ နာနေသေးလား "

" အဆင်ပြေပါတယ်။ အရမ်းမနာတော့ပါဘူး။ ဒါနဲ့ရှင်အလုပ်မသွားဘူးလား "

" ကိုယ့်မိန်းမ ကလေးမွေးတော့မှာကို အလုပ်သွားစရာလား "

ခေတ္တကြာပြီးနောက်မှာတော့ အမေလုနှင့်အတူ ကိုယ်ဝန်ဆောင်တို့ကို စောင့်ရှောက်ရာတွင် ကျွမ်းကျင်သည်ဆိုသည့်
အဒေါ်ယွဲ့ဟုခေါ်သောအမျိုးသမီးတစ်ဉီးပါ ပါလာ၏။

" ကျန်းကျန်း၊ ဘယ်လိုနေသေးလဲ သမီး။ နာနေသေးလား။ "

" သမီး သက်သာပါတယ်အမေ။ ကျေးဇူးပါ "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now