Chapter 164

2.4K 510 3
                                    

Zawgyi
Chapter 164
{ ချမ်းသာတဲ့မိသားစုထဲကလူကို လက်ထပ်လိုက်ရုံနဲ့ သူ့မိသားစုတစ်ခုကို ပြန်ထောက်ပံ့နိုင်မယ်လို့ ထင်နေတာလား - ၃ }

" နင့်ညီမက လုပေရွှမ်းကို လက်ထပ်ထားတာမလား... လုပေရွှမ်းလိုလူကသာ နင့်အတွက်စကားနည်းနည်းလောက်ပြောပေးလိုက်ရင်  ရှန်းရှီးဖျော်ဖြေရေးရဲ့သူဌေးက လုပေရွှမ်းကို မျက်နှာသာပေးမှာပဲ... ငါကြားဖူးတာကတော့ လုကော်ပိုရေးရှင်းရဲ့လက်အောက်ခံကုမ္မဏီတော်တော်များများက နယ်ပယ်တော်တော်များများမှာရှိတယ်တဲ့... ဖျော်ဖြေရေးလောကအပါအဝင်ပေါ့... နင်သာ သူ့ကို နင့်နောက်ခံလူအဖြစ်ထားနိုင်ရင် နင်လိုချင်တာ မှန်သမျှရနိုင်ပြီဟ... "

လုပေရွှမ်းက အကောင်းဆုံးနောက်ခံလူဖြစ်နိုင်သည်ကတော့ အမှန်ပင်... ရီချင်းကိုယ်တိုင်လည်း လုပေရွှမ်းကို သူမရဲ့လူဖြစ်လာစေချင်ခဲ့သည်လေ...

ထိုအကြောင်းကို တွေးရင်းဖြင့် ရီချင်းသည် ရီကျန်းကို ပိုလို့ပင်မုန်းလာမိ၏...

" နင့်ညီမက လုပေရွှမ်းနဲ့ လက်ထပ်လိုက်ပြီဆိုတော့ နင့်အတွက် မတရားသလိုဖြစ်နေမှာပေါ့... ဒါပေမယ့် လုပေရွှမ်းက နင့်ရဲ့မတ်ဖြစ်နေတုန်းပဲလေ... ကိုယ့်မတ်ဆီက အကူအညီတောင်းတာ မကောင်းတာမှ မဟုတ်တာ... ကိုယ့်မိသားစုပဲဟာ... နင့်မှာ အဲ့လိုအခွင့်အရေးကောင်းကြီးရှိရဲ့သားနဲ့  ငါ့ဆီမှာ လာအကူအညီတောင်းမှန်းသိရတော့ စိတ်မကောင်းဘူးဟယ်... "

ရီချင်းကတော့ တိတ်ဆိတ်စွာ ထိုင်နေဆဲပင်...

" ငါကြိုခန့်မှန်းမိပြီးသားပါ... နင်က ခေါင်းမာနေမယ်ဆိုတာကိုလေ... နင်က လူတိုင်းရဲ့အချစ်တွေကို ခံယူပြီးကြီးပြင်းလာတဲ့သူဆိုတော့ ဖျော်ဖြေရေးလောကမှာ အခက်အခဲများမှာပေါ့... နင်နေခဲ့ရတဲ့နေရာနဲ့ အခုနဲ့က ကွာဟမှုများတာကို...

နင် မနာလိုဖြစ်တာကို ငါနားလည်ပါတယ် ချင်းချင်းရယ်... နင့်ညီမက လုပေရွှမ်းနဲ့ တွေ့ဖို့ ကံပါလာတာလေ နင်တားလို့မှမရနိုင်တာ... ဒါပေမယ့် အဲ့ကိစ္စကြောင့်နဲ့ နင်နဲ့နင့်ညီမကြားက ဆက်ဆံရေးကို ဖြတ်လိုက်လို့ မဖြစ်ဘူးလေ... နင်အဲ့လိုလုပ်တာက နင့်အနာဂါတ်ကို ပိုထိခိုက်စေတယ်နော်... နင် အခုထိ ဖျော်ဖြေရေးလောကထဲမှာ ဘာအပေးအယူမှ မလုပ်ရသေးဘူး... နင်သာ နင့်ညီမဆီမှ အကူအညီတောင်းနိုင်ရင် လုပေရွှမ်းက နင့်နောက်ခံလူဖြစ်သွားနိုင်မှာပါ... အဲ့နည်းအလုပ်ဖြစ်ဖို့ မဖြစ်ဖို့ကတော့ နင့်အပြုအမူနဲ့လုပ်ရပ်အပေါ် အနည်းနဲ့အများတော့ မူတည်တာပေါ့... "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now