Zawgyiလော့ကျန်းပေ့ သူရဲ့နားဟာ နွေးခနဲဖြစ်သွားပြီးနောက် ကားမှန်ဘောင်ဘက်အတင်းကပ်ထိုင်ကာ နားလေးတွေမက လက်ချောင်းတွယ်တွယ်လေးတွေပင် ရဲတွက်နေသည့် ကလေးငယ်အား ကြည့်လိုက်ရင်း သူ့နူတ်ခမ်းများဟာ ကော့ညွှတ်သွားသည်၊ ဒီကောင်လေး ဒီလောက်ချစ်ဖို့ကောင်းခဲ့တာကို သူဘာကြောင့် စောစောသတိမထားမိခဲ့ရတာလဲ? ဘေးစကားတွေကြောင့် ဖြစ်ဖို့များသည်၊ကိစ္စမရှိပါဘူး အခုလည်း သူနောက်မကိသေးပါဘူး ကလေးငယ်ရဲ့အကြောက်တရားတွေနဲ့ ဆိုးဝါးတဲ့အတိတ်မှတ်ဥာဏ်တွေကို သူ တဖြည်းဖြည်းကုသပေးပြီး သူ့အနားကနေထွက်မပြေးအောင် လုပ်ရမည်၊ဒီလို ချစ်စရာကောင်းသည့်ကလေးလေးကို အခြားသူလက်ထဲအပါမခံနိုင်သလို၊အခြားသူတွေရဲ့ ဒုက္ခပေးမှုကနေ ကာကွယ်ပေးမည်၊
လော့ကျန်းပေ့အတွေးများသလို လော့ရှန်ဟွာတစ်ယောက်ဟာလည်း အတွေးများဖြင့် ယောင်လည်လည်ဖြစ်နေသည်၊မနက်တုန်းက Plan-1ဟာ ကျဆုံးသွားသည့်အပြင် ခုနက ဒယ်ဒီဟာ သူကိုက်လိုက်တာကြောင့် စိတ်ဆိုးနေလောက်ပြီ ၊ဘာဆက်လုပ်ရမလဲ...Plan-2ကို ဆက်သွားရမလား...၊Plan-2က ဘာပါလိမ့်?
[System Moon :ဒယ်ဒီဆီက မွမွတောင်းရန်လေ]
'...WTF!! ငါ အဲ့လိုအရှက်မရှိတာတွေ မရေးဘူးကွ!!'
[System Moon : Plan-3 ဒယ်ဒီကို ခွံကျွေးခိုင်းရန် မှတ်ချက် အာလို့အသံထွက်ပြီး ချစ်စဖွယ်အမှုအရာဖြင့်သရုပ်ဖော်ရန်၊Plan-4 ဒယ်ဒီအိပ်ရာပေါ် ပေကပ်ကပ်အိပ်ပြီး ဒယ်ဒီရင်ခွင်ထဲအိပ်ရန်...မနေ့က မင်းရေးထားသမျှ ထပ်ရွတ်ပြရဦးမလား???]
'ရပြီ... ' ထပ်ရွတ်ပြရင် ငါ့အလောင်းပဲ လာကောက်တော့!!! ဘယ်လိုစိတ်ကူးနဲ့ အဲ့လိုအရှက်မရှိတာတွေ ရေးခဲ့ရတာလဲ! ငါရဲ့အသိစိတ်တွေ အဲ့တုန်းက ဘယ်ရောက်နေခဲ့တာလဲ
[System Moon:စိတ်မဝင်စားဘူး ...သွားပြီ သေရင်းရှင်ရေးမဟုတ်ရင် မခေါ်နဲ့] လို့ ပြောကာ ပျောက်သွားသည့် moonအား စိတ်ထဲတွင် လက်ခလယ်ထောင်ပြလိုက်သည်၊ အရမ်းအားကိုးရတာပဲ!
ဒယ်ဒီကို ငါဘယ်လို စကားစပြောသင့်လဲ?? သူဘယ်လိုစရမလဲ တွေးတောနေတုန်း မီးပွိုင့်မှာ ကားခဏရပ်သွားတာကြောင့် အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့...ကျောင်းသူလေးအချို့နဲ့ကျောင်းသားအချို့ဟာ ရယ်ရယ်မောမောစကားပြောရင်း လူကူးမျဉ်းကျားပေါ်ဖြတ်သွားသည်၊ သူအရင်ဘဝတုန်းက မိသားစုမျက်နှာမပျက်ရန် အမြဲ အဆင့် တစ်ဖြစ်အောင်လုပ်ဖို့ တာဝန်ရှိတာကြောင့် ကျောင်းသားဘဝရဲ့ပျော်ရွှင်မှုအနှစ်သာရကို သူမခံစားခဲ့ရချေ၊ နောက်တော့ အဘိုးဆုံးပါးသွားတာကြောင့် အတန်းကျော်ကာ ကောလိပ်ကို တက်ခဲ့သည်၊ ကောလိပ်ရောက်တော့လည်း စံပြကျောင်းသားဆိုသည့် ဂုဏ်ပုဒ်နဲ့အညီ အတန်းရဲ့အတော်ဆုံးကျောင်းသားဖြစ်အောင် ကြိုးစားရရုံမက အခြားပညာရပ်တွေမှာလည်း အတော်ဆုံးဖြစ်အောင် ကြိုးစားရပြီး တဖက်မှာလည်း မိသားစုစီးပွားရေး ဒုက္ခတွင်းကို ကယ်တင်ရပြန်သည်၊ဒါတွေကို ဘယ်သာမန်ကလေးတစ်ယောက်ကလုပ်နိုင်မလဲ?? ငါးနှစ် သူငါးနှစ်လောက် အလုပ်၊အလုပ် အလုပ်တွေနဲ့သာ ပိနေခဲ့သည်၊လူငယ်ဘဝရဲ့အနှစ်သာရကိုပင် မခံစားလိုက်ရဘဲ သူသေဆုံးခဲ့သည်၊

YOU ARE READING
Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား(Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား)
RomanceZawgyi/Unicode Started date: 25.oct.2020 End date: ???????? လော့ကျန်းပေ့ x လော့ရှန်ဟွာ