Intro
51.8K 1.9K 51
🏍 Crushကို ဒီလိုလိုက်မယ် ☕
💕 စိုင်းခွန်မိန်း 💕
My Life My Rule
လောကကြီးမှာ ငါ့အတွက် အပေါဆုံးကငွေ
အရှားဆုံးက ငါ့ရဲ့စိတ်ရှည်သည်းခံမှု ။
အခြားသူစိမ်းမပြောနဲ့ မိဘချုပ်ချယ်တာကိုတောင်မခံနိုင်ဘူး ။ ငါဆိုတာ ငါ့ကမ္ဘာမှာဘုရင် ငါရိုင်းချင်ရိုင်းမယ် ဆဲချင်ဆဲမယ် ။
ယုတ်မာချင်လည်း ယုတ်မာမိမှာပေါ့ မှတ်ထားစရာလိုလို့လား ?
ကိုယ့်အသက်ကိုချစ်တတ်ရင် ငါ့ကိုအာရုံလာမစားမိစေနဲ့ နောက်တစ်ရက် နေထွက်တာကြည့်ခွင့်မရဖြစ်သွားမယ် ။
Sorry ! အချစ်ဆိုတာကိုတော့ သောက်နေကျစီးကရက်နဲ့ အသစ်ထွက်မယ့်​ဆိုင်ကယ်လောက် စိတ်မဝင်စားဘူး ။
ခင်ဗျားရေ
ကျွန်တော်က အဒီလို cool guy ဗျ ခင်ဗျားရဲ့
အင်း....ခင်ဗျားနဲ့မတွေ့ခင်အထိ ။
💕 ခန့်ဝေယံကို💕
တောင်တန်းနဲ့ပင်လယ်ရှိရာဆီ ခရီးထွက်တွေမယ် စာအုပ်လေးတွေဖတ်မယ် ။
ကိတ်အသစ်လေးတွေစမ်းလုပ်ရင်း ကော်ဖီမှာပုံဒီဇိုင်းလှလှလေးတွေဖန်တီးမယ် ။
နေ့ထူးနေ့မြတ်တွေမှာ မေမေနဲ့အတူ ကုသိုလ်တွေသွားလုပ်မယ် ။
တစ်ခါတစ်ခါ အနည်းငယ်ခက်ခဲတာမျိုးရှိပေမယ့်လည်း အဆင်ပြေအောင်နေတက်ခဲ့တယ်
ဘဝဆိုတာအဒီလိုမျိုးပဲမလား ။
အလွယ်တကူ လက်လျော့လို့မဖြစ်ဘူးလေ ။
မေမေကပြောတယ် တစ်နေ့ကျရင် ကျွန်တော်သဘောကျတဲ့ အေးချမ်းတည်ငြိမ်ပြီး ၊ အရာရာကိုနားလည်သည်းခံပေးတတ်တဲ့ မိန်းကလေးမျိုးနဲ့ အိမ်ထောင်ပြုရမယ်တဲ့ ။ အင်းတစ်နေ့ပေါ့ ။
အရာအားလုံးက စိတ်ကူးနဲ့လက်တွေထပ်တူကျလုနီးပါး အဆင်ပြေနေခဲ့တယ် ။
ဟိုပီကေလို ​ခွေးပေါက်လေး နဲ့ မတွေ့ခင်မထိ
***********
Hello New လေးပါ
dramaကြောင့် ငိုရထားတယ်ဆိုတဲ့အချစ်တို့ကို ပြန်ချော့တဲ့အနေနဲ့ရော ၊ နောက်ထပ်အပြင်းစားနဲ့ထပ်မငိုခိုင်းခင်ရော ၊ ဒါလေးနဲ့ချော့တာပါ အခါးတစ်လှည့်အချိုတစ်လှည့်ပေါ့ ။
ဆောင်းက လိမ္မာတယ်ဟုတ် 😊
ဒီထဲမှာ စိုင်းခွန်မိန်းရဲ့ အထူးသင်တန်းကြီးပါတာမလို့ တက်ချင်သူများရှိရင် ကြိုစာရင်းပေးထားကြပါ ။
အဒါဆို ဒါလေးကို စကြရအောင်
ဒီကာလမှာ စိတ်အပန်းလူပင်ပန်းတာတွေကို အနည်းငယ်ဖြေရာလေးပေါ့ ။
မဟာလေးတို့လိုပဲ ချစ်ပေးကြမယ်မလားဟင် ။
.
.
.
.
Zawgyi
💕 စိုင်းခွန်မိန်း 💕
My Life My Rule
ခင်ဗျားရေ
💕 ခန့်ဝေယံကို💕
***********
Hello New လေးပါ
🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now