Part - 10

14K 1.2K 44
                                    

ယနေ့မနက် မြသုခစံအိမ်မှာ စိုင်းခွန်မိန်းရဲ့အသံဆာဆာက ကြီးစိုးထားသည် ။ အရင်ကဆိုတစ်လလုံးမှာမှ လက်ချိုးရေလို့ရတဲ့ ဒယ်ဒီခေါ်သံက အခုမနက်မှာဖြင့် မကြားချင်တော့သည်အထိ ။

"ကျွတ်ပြန်ပြီဒယ်ဒီရ"

ဘာစိတ်ကူးပေါက်သွားသည်မသိ ပုဆိုးဝတ်ထသင်နေတဲ့ စိုင်းခွန်မိန်းက ၊ မနက်၆နာရီခွဲကထဲက သူတို့လင်မယား အခန်းထဲရောက်နေတာ ယခု၈နာရီခွဲသည်အထိ ၂နာရီကြာအောင်အဝတ်သင်နေသော်လည်း မတတ်မြောက်သေး ။

"ဟူး"

ဦးစိုင်းမောင်ဟိန်း သားဖြစ်သူအားကြည့်ကား သက်ပြင်းချနေမိတာအကြိမ်ကြိမ် ၊ အားမကိုးစဖူးကိုးနေတာမလို့ သူ့မှာ မဆူရက်မငေါက်ရက် ၊ စိတ်ရှည်ထားသော်လည်း အတော်ပင်နားပူနေလေပြီ ။

အဒီအစား လုပ်ငန်းစုရဲ့နှစ်ချုပ်စာရင်းကိုသာစစ်လိုက်ချင်တယ်တော့တယ် ၊ တကယ်ထဲမှ ပုဆိုးဝတ်သင်တန်းသာရှိရင် ဆရာအိမ်ခေါ်ပြီးသာသင်ပေးလိုက်ချင်နေပြီ ။ ကလေးပေါက်စလည်းမဟုတ် ၊ ဝတ်ဖူးတာလည်းမဟုတ်ဘဲ ဘာစိတ်ကူးနဲ့ အရူးထ​သည်မသိ ပုဆိုးဝတ်ကျင့်နေလေသည် ။

ဒေါ်သက်ထားဖြူကတော့ မအီမလည်ဖြစ်နေတဲ့ ယောင်္ကျားဖြစ်သူရဲ့မျက်နှာရယ် ၊ ကြိုးစားပမ်းစားသင်နေတဲ့ သားဖြစ်သူရယ်ကို သဘောကျစွာထိုင်ကြည့်နေလိုက်သည် ။

"ဒယ်ဒီ."

"ခါးပတ်နဲ့ဝတ်ပါလားကွာ"

"မဝတ်ချင်ဘူး ဒီအတိုင်းပဲဝတ်တတ်ချင်တာ"

"ငါ့တုန်းက ပုဆိုးဝတ်တာသူ့ဘာသူဝတ်တတ်သွားတာပါကွာ မင်းကျမှပဲ"

"ကျွန်တော်က ဒယ်ဒီမှမဟုတ်တာ"

"မင်းကငါ့သားမဟုတ်ဘူးလား"

"အဒါဒယ်ဒီသိရမှာလေ"

"ဟေ့ကောင်!"

"ဒယ်ဒီရာ အရင်ပြန်ဝတ်ပြပါ ခြေလှမ်းလေးငါးလှမ်းပဲ လှမ်းရသေး ကျွတ်ကျွတ်နေတာမဟုတ်သေးဘူး"

"မင်းက တစ်နေ့ထဲ တတ်ချင်နေတာကို"

"မခက်ဘူးထင်တာကို"

"အေး ဘယ်မှာခက်လို့လဲ"

"ဒီမှာခက်နေတယ်လေ"

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)حيث تعيش القصص. اكتشف الآن