Part - 3

18.7K 1.6K 129
                                    

စာပွဲခုံပေါ်သို့ တတောက်တောက်ခေါက်နေသော လက်ချောင်းအသံတို့အား အဂ္ဂပိုင်နဲ့ဖြိုးထက်အောင်မှာ အတော်ပင်နားညီးနေလေပြီ ။

တရားခံကတော့နှစ်ယောက်မရှိတဲ့ သူတို့ရဲ့ချစ်သူငယ်ချင်းဖြစ်တဲ့ ပူပူနွေးနွေး cool guyရာထူးကျလေး ။

စာပွဲကိုခေါက်နေတာ ဘယ်ဘက်လက်ဖြစ်ပြီး ၊ ညာဘက်လက်မှာတော့ ၃ရက်မြောက်နေ့တိုင် ရေချိုးရင်တောင်ရေမစိုမခံနိုင်တဲ့အထိ သဲကဲထားရတဲ့ ပလာစတာလေးတွေကို တစိမ့်စိမ့်ကြည့်နေသည် ။

"မိန်း"

"ဘာတုန်း"

ဖြိုးထက်အောင်ခေါ်တော့ စိတ်မရှည်သလိုပြန်ထူးကာ ကြည့်လာသည် ။

"မင်း အဒီလက်ကခေါက်နေတာကို ရပ်မလား ငါလာဖျက်ပေးရမလား"

"ငါအရမ်းတွေ့ချင်နေပြီ ရူးတော့မယ်"

"အင်း လီး"

အရင်ပုံအတိုင်းသာဆို စိုင်းခွန်မိန်း ပြန်ဆဲမှာမှန်ပေမယ့် ၊ အခုတော့သူ့လက်က ပလာစကာလေးတွေအားကြည့်ကာ အခုပဲသေတော့မယ့် နောက်ဆုံးလူနာလိုပဲဖြစ်နေသည်။

ဒီပုံစံအား စိုင်းခွန်မိန်းအားကြိုက်လှပါချည်ရဲ့ဆိုသော fan clubကမိန်းကလေးတွေတွေ့ရင် ရင်ထုမနာဖြစ်မှာသေချာ ။

ဟိုနေ့က သကောင့်သားသူ့ Facebook account မှာတင်လိုက်တဲ့ "Finally,I found the Lord of my heart"ဆိုတဲ့စာသားနဲ့တင် အသဲတွေကွဲပြနေကြတာ ။

စိုင်းခွန်မိန်း အသေအလဲပစ်ကြွေနေတဲ့ သူ့နှလုံးသားအရှင်သခင်ဆိုတာကြီးက ယောင်္ကျားလေးတစ်ယောက်မှန်းသိရင် ထိုင်ငိုကြဦးမလားမသိ ။

"မဲနေပါပြီကွာ ခွာလိုက်စမ်းပါတော့"

အဂ္ဂပိုင် စောင်မြင်ကတ်ပုဒ်မနဲ့ပြောတော့ စိုင်းခွန်မိန်းပြန်ကြည့်လာတဲ့အကြည့်ကာ ကြက်မကြီးကငါကလေးတွေကို မထိနဲ့ဆိုသလိုအကြည့်ကြီး ၊ မတူတာဆိုလို့ စိုင်းခွန်မိန်း​က ကြက်ဖ ။

"မင်းတို့နှစ်ကောင် အဒီလချုပ်တွေသာထိုင်စစ်စမ်းပါ"

"မင်းအခွက်ကြီးကမျက်လုံးထဲရောက်လာနေလို့လေ"

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now