Part - 1

29K 1.9K 168
                                    

လေဆိပ်ကထွက်လာလာချင်း အပြင်ရောက်တာနဲ့ ခြေရောလက်ရောဆန့်ကာအကြောဖြေလိုက်သည် ။ ထို့နောက်လက်မှ နာရီကိုတစ်ချက်ကြည့်ပြီး ခေါင်းပေါ်သိုင်းတင်ထားတဲ့ မျက်မှန်ကိုသေချာပြန်တပ်ကာ ဘောင်းဘီအိပ်ကပ်ထဲလက်ထည့်ပြီးရပ်နေလိုက်သည် ။

style pan ဘောင်းဘီအနက်ကို အပေါ်မှ shirtအနက်ပေါ် အနက်ရောင်ဂျာကင်နှင့်တွဲကာ ထပ်ဝတ်ထားပြီး ၊ မျက်မှန်ကလည်းအနက်ရောင် ၊ လက်မှနာရီကလည်း အနက်ရောင် Blancpain Fifty Fathoms ဝတ်ဆင်ထားသည် ။

တစ်ကိုယ်လုံး gucci brand all blackဖြင့် ထိုသူ၏ ကိုယ်ပေါ်တွင် ၊ ဇစ်တွယ်မထားသောဂျာကင်ကြောင့် မြင်နေရတဲ့ shirtအနက်ပေါ်မှ အဝိုင်းထဲမှာကြယ်ပုံသဏ္ဍာန်လော့ကတ်ဖြင့်ဆွဲကြိုးက တစ်မျိုးထင်းနေကာ ပိုမိုက်နေသလို ။

ထို့အတူ ဘယ်ဘက်နားတွင် နှစ်ဆင့်ဝတ်ထားသော မကြီးမသေးနားကွင်းတစ်စုံ​ရှိနေပြီး ၊ ညာဘက်နားမှာတော့ အနက်ရောင် ear phoneကိုတပ်ထားသည် ။

တစ်ယောက်ထဲရပ်နေခြင်းမဟုတ် ဘေးမှာအပေါင်းအသင်းနှစ်ယောက်ပါသော်လည်း ၊ လေဆိပ်ထဲရှိ မိန်းကလေးအားလုံးနီးပါးရဲ့အာရုံကို သူကသာဖမ်းစားထားနိုင်သည် ။

ထိုသူက စိုင်းခွန်မိန်း
အရှေ့တောင်အာရှမှာTop Tenစာရင်းဝင်
SKလုပ်ငန်းစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ။

သို့သော်ကျောင်းပြီးကထဲက နိုင်ငံတကာပတ်သွားနေပြီး မိဘလုပ်ငန်းတွေကိုစိတ်မဝင်စားဘဲ သူဝါသနာပါတဲ့ ဆိုင်ကယ်showroomတွေသာ တစ်ခုပြီးတစ်ခု သူငယ်ချင်းသုံးယောက် အတူတွဲဖွင့်ထားကြသည် ။

သူ့အတွက်အပေါဆုံးကငွေဖြစ်သလို ဝင်ဖို့လွယ်တာလည်းငွေပဲ ၊ မိဘတွေကလည်းဘာမဆိုသားစိတ်တိုင်းကျလုပ်ပေးသည် ။ ချုပ်ချယ်တာကိုလက်မခံတက်သူဖြစ်ပြီး "My Life My Rule"ဆိုတဲ့စကားကို လက်ကိုင်ထားသူဖြစ်ကာ သူ့ကမ္ဘာမှာသူက ဘုရင်အဖြစ်သာနေသည် ။

အပေါင်းအသင်းကလည်း ငယ်ငယ်ကထဲကအတူရှိခဲ့ကြသော စိတ်တူကိုယ်တူဖြစ်ကြတဲ့ အဂ္ဂပိုင်နှင့် ဖြိုးထက်အောင်ဟူသော ၂ ဦးသာထားသည် ။

"ဘယ်အရင်လစ်မလဲ မိန်း"

အသံကြောင့် သူဘေးကိုခေါင်းအနည်းငယ်စောင်းကြည့်လိုက်တော့ အဂ္ဂပိုင်က လက်ထဲကဖုန်းကိုမျက်နှာမခွာဘဲ gameကိုသဲကြီးမဲကြီးဆော့နေရင်းမှ သူ့အား​မေးနေခြင်းဖြစ်သည် ။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now