Part - 21

11.2K 937 38
                                    

အချိန်အားဖြင့် ညနေ ၅နာရီခွဲ ၊ တစ်နည်းအားဖြင့် ချစ်ရသူအား မတွေ့ရသေးတာ ၃နာရီကြာ ။

ထိုင်မရ ထမရနဲ့ ပူလောင်လွန်းနေသော စိတ်တို့ကြောင့် စိုင်းခွန်းမိန်းပုံစံက ဘေးကကြည့်နေတဲ့သူတောင် တွေ့မြင်နေရတာက ရူးတော့မယ့်အတိုင်းပင် ။

"မိန်းရာ နည်းနည်းလောက် စိတ်လျော့ပါဦး"

သူတို့တစ်ခါမှ မမြင်ဖူးခဲ့သော စိုင်းခွန်မိန်းရဲ့ ထိန့်လန့်တုန်လှုပ်နေသော ပုံစံကြောင့် အဂ္ဂပိုင်ရော ဖြိုးထက်အောင်ရော စိုးရိမ်နေမိသည် ။ သို့​သော် အဂ္ဂပိုင်က စိုးရိမ်စွာ စကားဆိုပေမယ့် စိုင်းခွန်မိန်းက မကြားသည့်ပုံ ။

"ကျစ်! "

စိုင်းခွန်းမိန်း သူ့မျက်နှာကိုလက်ဖဝါးနဲ့အုပ်လျက် ပူလောင်လွန်းနေသောစိတ်တို့အား လျော့ချကြည့်ပေမယ့် ပိုလို့သာတိုးလာရသည်မလို့ ရင်ခွင်တစ်ခုလုံး ပေါက်ကွဲထွက်တော့မည့် အတိုင်းပင် ။

"မိန်း"

"ရူးတော့မှာပဲ"

နာကျင်စွာရေရွတ်လိုက်တဲ့ စိုင်းခွန်မိန်း အသံကြောင့် အဂ္ဂပိုင်တို့နှစ်ယောက်မှာလည်း ဘာပြောပေးမှန်းမသိဖြစ်နေရသည် ။

သွင်မင်းနဲ့ မြတ်နိုးပြောတဲ့ "ခန့်ကို အဆင်ပြေတာမလို့ မစိုးရိမ်ပါနဲ့ ၊ သူ့အတွက် အချိန်ခဏပေးလိုက်ပါ" ဆိုတဲ့စကားကြောင့် ထိုအတိုင်းနေနေခဲ့ပေမယ့် ရူးတော့မလို ခံစားချက်ကိုတော့ ထိန်းချုပ်မရ ။

အခုသူ ကိုကိုရှိတဲ့နေရာကိုလိုက်သွားရင် ကိုကိုပိုစိတ်ရှုပ်သွားမှာသိလို့ငြိမ်နေပေမယ့် ၊ တကယ်လို့ ကိုကိုသာ သူ့ဘေးကထွက်သွားခဲ့ရင်ဆိုတဲ့ အတွေးနဲ့တင် စိုင်းခွန်မိန်းအကြိမ်ကြိမ်သေတယ်။

"ငါ အိမ်ပြန်တော့မယ် ကိုကိုအိမ်ကိုရောက်ချင်ရောက်နေမှာ"

"ငါလိုက်ပို့မယ်"

"ရတယ် တကယ်လို့ ကိုကိုဒီကိုပြန်လာရင် မင်းတို့ ငါ့ဆီဖုန်းဆက်ပေး"

စိတ်နဲ့လူနဲ့ ကောင်းကောင်းကပ်ပုံမရတဲ့ စိုင်းခွန်မိန်းပုံစံကြောင့် ဖြိုးထက်အောင်ဝင်ပြောပေမယ့် စိုင်းခွန်မိန်းကလက်မခံဘဲ ဆိုင်ကယ်သော့ဆွဲကာ ထသွားသည် ။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now