Part - 40 (Final)

21K 1.1K 138
                                    

အချိန်အားဖြင့် နေ့လည် ၁၂ နာရီကျော်

ကုတင်ပေါ်ခြေပစ်လက်ပစ် အိပ်နေသောကောင်လေးအား သူ့ဘေးမှာ သူ့ဘက်ကိုတစ်စောင်းအနေအထားဖြင့် လှဲအိပ်နေသော ကောင်လေးတစ်ယောက်က ထိုအတိုင်းလေးပင် သဘောကျစွာငေးကြည့်နေသည်။

ည ၂ နာရီလာခေါ်ပေးဆိုတဲ့စကားအဆုံး တိခနဲ ပြတ်သွားတဲ့ဖုန်းလိုင်းလေးနဲ့အတူ ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲခဲ့ရတာ အခုထိတိုင်။

သူ့ရဲ့ အဘိုးကြီးပေါက်စလေးက အဆုံးထိတိုင် သူ့ကိုရွေးချယ်ခဲ့တာ။ သွင်မင်းမှာ အိပ်မောကျနေတဲ့ အဂ္ဂပိုင်ရဲ့ မျက်နှာလေးကို ငေးရင်း ပျော်မဆုံးဖြစ်နေသည်။

ဒီလိုမျိုးထိ မတွေးခဲ့ဖူးပေမယ့်၊ မိဘတွေနဲ့ အဆင်ပြေအောင် လုပ်ပေးချင်ပေမယ့် သူ့အဘိုးကြီးပေါက်စလေးသဘောအတိုင်းပဲ သူလုပ်မှာပင်။ မိဘတွေနဲ့ ရအောင်ပြောဆိုရင်လည်း ဒူးထောက်ဖို့ ဝန်မလေးသလို၊ သူ့ကိုပဲ ကြည့်ပြီး ထွက်လာခဲ့ရင်လည်း တစ်သက်လုံးစာအတွက် နောင်တမရှိရလေအောင် ကာကွယ်ပေးသွားမှာ။

တစ်ဘဝလုံးစာအတွက် သူကလည်း သူ့ရဲ့အဘိုးကြီးပေါက်စလေးတစ်ယောက်ထဲကိုပဲ ရွေးချယ်ခဲ့ပြီးသား။ ဘာတွေပဲဖြစ်လာဖြစ်လာ သူ့​လက်ကိုလွတ်ပေးမှာ မဟုတ်တာ သေချာပြီးသား။

သူတို့နှစ်ယောက်အခုရောက်ရှိနေတဲ့ နေရာက သွင်မင်းရဲ့ဦးလေးရှိတဲ့ တောင်ကြီးဘက်က နေအိမ်တစ်ခုမှာ ။ တစ်ညလုံးကားမောင်းခဲ့ရတာ သူဆိုပေမယ့် သူ့ရဲ့အဘိုးကြီးပေါက်စလေးက ခရီးပန်းတာကြောင့်လား၊ အရင်နေ့တွေက ကောင်းကောင်းမအိပ်ရတာကြောင့်လားမသိ ရောက်ကထဲက အိပ်နေလေသည်။

နေ့လည်စာ စားချိန်ကျော်နေပြီဖြစ်တာကြောင့် နှိုးရမည်ကို သိသော်လည်း အဆဲသန်တဲ့ အဆိုးလေး အိပ်ပျော်နေတာလေးကိုကြည့်ရင်း သူကဗိုက်ပြည့်နေလေသည်။

ဒီကောင်လေးက မနက်ဖြန်ဆိုရင် တရားဝင်သူ့အပိုင်ဖြစ်တော့မှာ။

ဒေါက် ဒေါက်

"သွင်မင်း နိုးနေလား နေ့လည်စာစားကြရအောင်လေ"

အခန်းတံခါးခေါက်သံနှင့်အတူ ခန့်ဝေယံကို၏ အသံကြောင့် ကုတင်ထက်မှ အလျင်အမြန်ပင် ထကာ အပေါက်ဖွင့်လိုက်သည်။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin