Part - 31

8.9K 751 19
                                    

****Hotel ရဲ့ ရေကူးကန်ဘက်ခြမ်းတွင် DJနဲ့ရောစပ်ထားတဲ့ တီးလုံးသံက ပျံ့လွင့်နေသည်။ လူငယ်တွေချည်းသာရှိနေကြတဲ့ နေရာမလို့ အားလုံးက လွတ်လွတ်လပ်လပ်နှင့် သောက်လိုက် စားလိုက် က လိုက်ပင်။

မနက်က အဖြူရောင်ဝတ်စုံနဲ့ မြန်မာဆန်ဆန်လှနေခဲ့တဲ့ သတို့သမီးလေးက အခုညမှာတော့ ဒူးအထက်ခပ်ဝဲဝဲအနီရောင် ဂါဝန်လေးနဲ့ တစ်မျိုးဆန်းကာ လှနေသည်။

"မ ဘာသောက်ချင်သေးလဲ ခေါင်းနောက်ပြေပြီလား"

"ရတယ် ဖြိုး ပြေပြီ"

သူ့ရဲ့ပူပူနွေးနွေးဇနီးလေးအား အရိပ်ကြည့်ကြည့် ဂရုစိုက်နေသော ဖြိုးထက်အောင်အား အဂ္ဂပိုင်စိတ်လေစွာကြည့်ရင်းအကြည့်လွှဲလိုက်သည်။

"ကိုကို ဘာထပ်စားချင်သေးလဲ ကျွန်တော်ယူပေးမယ်"

"တော်ပြီ ဗိုက်ပြည့်ပြီ"

"နည်းနည်းထပ်စားဦး နေ့လည်ကလည်း သေချာမစားထားဘူးလေ"

အဂ္ဂပိုင်မှာ သူပဲကံဆိုးနေလားမသိ သူလှည့်လိုက်မိတဲ့ဘက်က သောက်ကဲပိုလွန်းနေတဲ့ စိုင်းခွန်မိန်းရှိတဲ့ဘက်ဖြစ်နေတာကြောင့် အဂ္ဂပိုင်မှာ သောက်လက်စခွက်ကိုသာ ကုန်အောင်မော့သောက်ပစ်လိုက်သည်။

သောက်ချီးကောင်တွေ ၊ ငါလူးပဲ။

အရင်က ရှင်ဘုရင်လိုနေလာတဲ့ကောင်တွေက အခုတော့လည်း အချစ်ရဲ့အောက်မှာ ကျဆုံးနေလိုက်တာများ ။ ချစ်ရင် ဒီလိုပဲ ရှုံးတာလား။

"ငပိုင်"

"ဘာလဲ"

"ငါတို့က မနက်ဖြန်မနက်အစော flight နဲ့သွားမှာမလို့ မင်းဆိုင်မှာအဆင်ပြေတာရှိရင် လှမ်းမေး"

သူတို့ဟန်းနီးမွန်းက Japan, Korea ,Thai ကို လျှောက်လည်းရင်းနဲ့ပဲ စဥ်ထားတာမလို့ ရက်ကြာမှာဖြစ်တာကြောင့် ဖြိုးထက်အောင်က မှာနေသည်။ အဂ္ဂပိုင်က ခေါင်းငြိမ့်ကာ သောက်လက်စကိုပဲဆက်သောက်နေသည်။

အလကားသောက်ပိုလုပ်နေ အရင်ကလည်း သူတို့ဖွန်ကြောင်သွားနေလို့ ဆိုင်ကို ငါပဲကြည့်နေရတာလေ မဟုတ်ဘူးလား။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Wo Geschichten leben. Entdecke jetzt