Part - 6

15.2K 1.3K 39
                                    

ခန့်ဝေယံကို မိခင်ဖြစ်သူနဲ့ တစ်မနက်လုံး စျေးပတ်ပြီး ၁၀နာရီခွဲပြီးမှာတော့ ထမင်းဗူးအိတ်လေးကိုင်ကာ ဆိုင်သို့ရောက်လာသည်။

"ကိုခန့် မင်္ဂလာပါ"

သူ့အား နှုတ်ဆက်လာကြသောဝန်ထမ်းများအား ပြန်ပြုံးပြရင်း

"အင်း အဆင်ပြေကြတယ်မလား"

"ဟုတ်ကဲ့"

"ကိုခန့် အခန်းထဲမှာ ဧည့်သည်ရောက်နေတယ်"

"ကိုခန့်ညီလေးလားလို့လေ"

"မနက်ကထဲကရောက်နေတာကိုခန့်"

တစ်ယောက်တစ်ပေါက်ဝိုင်းပြောလာသည်ကြောင့် ခန့်ဝေယံကိုချက်ချင်းတွေးမိသွားသည် ။ သေချာပေါက် မိန်း အစောရောက်နေသည်ပဲ ။

"ကျေးဇူးပါဗျ သွားလိုက်ပါဦးမယ်"

ထိုဝန်ထမ်းတွေအားနှုတ်ဆက်ပြီးတာနဲ့ သူ့အခန်းဆီဦးတည်လိုက်သည် ။ အပေါက်နားရောက်တော့တံခါးလက်ကိုင်ကိုကိုင်ကာ တွန်းဖွင့်ဖို့တွေးလိုက်ပြီးမှ

ဒေါက်...ဒေါက်

သူရောက်တဲ့အကြောင်း အသံအရင်ပြုကာဝင်လိုက်သည် ။

"အယ်"

ဆိုဖာခုံတန်းရှည်ထက် လှဲလျောင်းရင်း အိပ်ပျော်နေသော မိန်း ၊ ရှေ့မှစာပွဲပေါ်တွင်တော့ အနည်းမှတို့ထိထားခြင်းမရှိတဲ့ ကော်ဖီတစ်ခွက် ဆိုင်ကဝန်ထမ်းတွေချပေးထားတာထင်ပါရဲ့။

နှစ်ခြိုက်စွာအိမ်မောကျနေတဲ့ ပုံစံလေးမလို့ ခန့်ဝေယံကို ခြေလှမ်းဖွဖွလေးလှမ်းကာ အသံမမြည်စေရန်သတိထားပြီး ၊ ထမင်းဗူးအိတ်ကို စာပွဲပေါ်ချကာ တစ်ဖက်တွင်အသာဝင်ထိုင်လိုက်သည် ။

"ညကအိပ်ရေးပျက်ထားလို့များလား"

စိုင်းခွန်မိန်းက လက်ပိုက်ထားလျက်အိပ်ပျော်နေတာမလို့ သူ့ဒဏ်ရာကိုပါ ခန့်ဝေယံကို သတိတရနဲ့ကြည့်မိသည် ။

သွေးပြန်စို့ထားသောအနေအထားမှာ ထိုအတိုင်းပင်ပစ်ထားတာမလို့ သွေးစများပင်ခြောက်နေလေပြီ ၊ နှုတ်ခမ်းထောင့်ကတော့ ခြောက်သလိုရှိနေလို့တော်သေးသည် ။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)حيث تعيش القصص. اكتشف الآن