Part - 34

11.1K 871 23
                                    

SKရဲ့ လုပ်ငန်းစုနှစ်ပတ်လည်ပွဲလို့ နာမည်တပ်ထားသောပွဲက ဥက္ကဌကြီးဦးစိုင်းမောင်ဟိန်းရဲ့ သမက်ကြွားပွဲအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

ခန့်ဝေယံကိုအား သူသွားလေရာဆွဲခေါ်ကာ ကြွားလုံးထုတ်မပြီးနိုင် ဖြစ်နေသော ဥက္ကကြီးကတော့ သူတို့နောက်ကနေ မျက်နှာစူပုတ်ပုတ်ဖြင့် တကောက်ကောက်လိုက်နေသော သားဖြစ်သူအား ဖုတ်လေတဲ့ငါးပိ ရှိသည်ဟုပင် မသတ်မှတ်ထားသည့်ပုံ။

ဒေါ်သက်ထားဖြူအပါအဝင် သူတို့ရဲ့လူယုံတွေကတော့ သူတို့နှစ်ယောက်ဖြစ်နေပုံကိုကြည့်ကာ ခိုးရယ်နေကြသည်။

လိုက်လည်းလိုက်တဲ့ သားအဖတွေ။

ခန်းမထဲရှိသူအချို့ကလည်း ခန့်ဝေယံကိုရဲ့ အေးချမ်းတည်ငြိမ်တဲ့ပုံစံလေးရယ် ၊ ဥက္ကဌကြီးကိုယ်တိုင်က ချီးကျူးပြီး သည်းသည်းလှုပ်ဖြစ်နေတာရယ်ကြောင့် သူတို့အား အကြည့်မလွဲနိုင်ဖြစ်နေကြသည်။

ဦးစိုင်းမောင်ဟိန်း မိတ်ဆက်ပေးနေသမျှ သူတွေအား ခန့်ဝေယံကို ခေါင်းတငြိမ့်ငြိမ့်နဲ့ သေချာလိုက်မှတ်နေရသည်။ SKလုပ်ငန်းစုနှင့်ပတ်သက်ပြီး အရေးပါသော သူတွေကြည့်ကိုသာ ရွေးပြီးမိတ်ဆက်ပြောဆိုနေသည်ကြောင့် SKမှာ ခန့်ဝေယံကိုအား တော်ရုံအနေအထားနဲ့ သတ်မှတ်ထားခြင်းမဟုတ်ကြောင်းလည်း ရိပ်မိကုန်ကြသည်။

"စိုင်းမောင်ရေ ဖြည်းဖြည်းကြွားပါကွာ"

"ဟားဟား ​မင်းတို့တောင် ကြွားစရာရှိလို့လားကွ"

"အေးပါကွာ"

ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဦးစိုင်းမောင်ဟိန်းရဲ့မိသားစုနဲ့ ပတ်သက်ရင် အမြဲအကြွားသန်မှုကြောင့် စနောက်နေကြတော့သည်။

"သားခန့် ဒါ ဦးမြင့်ဆွေတဲ့ ဒယ်ဒီတို့SKရဲ့ ဒါရိုက်တာအဖွဲ့ထဲကပဲ ၊ သားခန့်နဲ့အတူ project မှာ ကူပေးလိမ့်မယ် ပြီးတော့ ဟိုမှာရောပဲ"

ခန့်ဝေယံကိုက ဦးစိုင်းမောင်ဟိန်းပြောတဲ့ ဟိုမှာရောဆိုသည့် အဓိပ္ပါယ်ကြောင့် စိုင်းခွန်မိန်းအား အကဲခက်ပြီးမှ ဦးမြင့်ဆွေအား ရိုသေစွာပြန်နှုတ်ဆက်သည်။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now