Part - 12

13.2K 1.1K 16
                                    

ခန့်ဝေယံကိုထမင်စားခန်းထောင့်ကနေ အလောတကြီးထွက်လာပြီး အပေါ်ထပ်ပြေးတတ်သွားတာမလို့ ထမင်းစားခန်း တံခါးပေါက်ထောင့်နားမှာရပ်နေသော ပီတိအပြုံးကြီးနဲ့သူတစ်ယောက်အားမမြင်မိ

ကိုကိုက ကျွန်တော့်ရဲ့အပိုင်ဖြစ်ဖို့သိပ်မလိုတော့ဘူးပဲ

"ဟေ့ မိန်း ငါ့ကိုဒါလာလုပ်ကူ"

"အော် အေး"

ပန်းကန်တွေကိုင်လာရင်း မနိုင်မနင်းဖြစ်နေတဲ့ အဂ္ဂပိုင်က စိုင်းခွန်မိန်းအားမြင်တော့လှမ်းခေါ်တာကြောင့် သူ့မှာပြေးသွားရလိုက်သည်

မတော်လို့ ကျကွဲကုန်မှဖြင့် ငပိုင်ခိုက်မိတာထက် ယောက်ခမကြီး အမြင်မကြည်ဖြစ်သွားလိမ့်မယ်

စိုင်းခွန်မိန်းရဲ့ ထိုအတွေးအား အဂ္ဂပိုင်ကြားရင်တော့ မွှန်နေအောင် အဆဲခံရမှာအသေအချာ

ခဏကြာ ဧည့်သည်တွေကုန်သလောက်နီးပါးရှိသွားတာကြောင့် ခေါက်စာပွဲဝိုင်းတွေအားသိမ်း​နေကြရင်း ခန့်ဝေယံကိုမျက်နှာက အနည်းငယ်စူပုတ်ပုတ်ဖြစ်နေသည်ကို စိုင်းခွန်မိန်းသတိထားထိသည်

မဟုတ်မှ ကိုကိုသဝန်တိုနေတာလား

"ကိုကို"

"အင်း"

"ကျွန်တော်အစော စာပွဲခေါက်ရင်း လက်ညှပ်သွားတယ်"

"ဟမ် ဘယ်မှာလဲ"

"ဒီနား"

စိုင်းခွန်မိန်းက မျက်နှာငယ်လေးဖြင့် ညာဘက်လက်မနားလေးက အနည်းငယ်သွေးခြေဥနေသော နေရာလေးအား တိုးပြလာသည်

"ကျစ် သတိထားမှပေါ့"

ဒက်ရာက ယောင်နေတာမဟုတ်တာကြောင့် ဘာလုပ်ပေးရမည်လဲဆိုတာ ခန့်ဝေယံကိုတွေးရခက်နေသည်

"အရမ်း နာနေလား"

"အင်း အရမ်းနာနေတယ် ဒဏ်ရာကတော့မဟုတ်ဘူး ကိုကိုအဖြေပြန်မပေးသေးလို့ နှလုံးသားလေးနာနေတာ"

"မင်း!"

ဆူအောင့်အောင့်အသံလေးဆိုပေမယ့် တစ်ဆက်ထဲမှာပင် ပါးပြင်ထက်ဖျက်ပြေးသွားသော ပန်းရောင်ရိပ်လေးကြောင့် စိုင်းခွန်မိန်းမှာ အသဲယားရပြန်သည်

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now