Part - 36

9.5K 846 45
                                    

အစည်းအဝေးခန်းတစ်ခုတွင် ရှေ့ဆုံး၌ မက်တပ်ရပ်ကာ projecter မှာ ပြထားသော အချက်အလက်များကို ရှင်းလင်းတင်ပြနေသော လူတစ်ယောက်ရဲ့အသံမှ လွဲ၍ အခြားမည်သည့်အသံမှမကြားရအောင် တိတ်ဆိတ်နေသည်။

အစည်းအဝေးလုပ်ချိန်မှာ ရှိသော တိတ်ဆိတ်ခြင်းထက် ပို၍ တိတ်ဆိတ်နေပြီး ထိုအခန်းထဲရှိ သူတွေအားလုံးရဲ့ မျက်နှာထက်မှာ ကြောက်ရွံ့မှုကိုယ်စီနှင့် မအီမသာဖြစ်နေကြသည်။

"ok မနက်ဖြန် စာရင်းလိုချင်တယ် အစည်းအဝေးပြီးပြီ"

"ခင်ဗျာ"

တိကျပြတ်သားစွာ ထွက်ပေါ်လာတဲ့ ခပ်မာမာလေသံအဆုံး ထိုသူက တစ်ဖက်မှ ပြန်ပြောသောစကားကို ဂရုမစိုက်စွာ ချက်ချင်းထ ထွက်သွားသည်။

"ဒါက ဘယ်လိုလုပ်မလဲ"

"boss ဘာပြောသွားလဲ"

"သူ ထပ်ပြီး မနက်ဖြန်ပြောသွားတာလား"

"ဘယ်လိုလုပ် မနက်ဖြန်ပြီးမှာလဲ"

"ဘာလို့ မနက်ဖြန်ပဲလဲ"

တစ်ခဏချင်းပင် အစည်းအဝေးခန်းတစ်ခုလုံးဆူညံသွားရပြန်သည်။ ထိုသည်ကား အစည်းအဝေးပြီးချိန်တိုင်း ဖြစ်နေကျအရာတစ်ခု။

သူတို့ရဲ့ bossက မနက်ဖြန်ဟူသော အသုံးအနှုန်းကို ကြိုက်၍လား၊ မုန်း၍လားပင် မဝေခွဲနိုင်အောင် ခဏခဏသုံးတတ်သည်။ ကောင်းသော သုံးခြင်းမျိုးတော့ မဟုတ်။

သူပြောတဲ့ မနက်ဖြန်မှာ သူလုပ်ခိုင်းတဲ့ စာရင်းတွေမပြီးခဲ့ရင် အကျိုးဆက်က ဝန်ထမ်းကဒ်ပျောက်မှာပင်မလို့ အမြန်ထကာ ကိုယ့်အလုပ်နေရာဆီ ဦးတည်ရပြန်သည်။

ဒီနေရာကတော့ Black Lightning လုပ်ငန်းစု ရုံးချုပ်။

လက်နှစ်ဖက်ကို ဘောင်းဘီအိပ်ကပ်တွေထဲထည့်ကာ ခြေလှမ်းကျဲတို့နှင့် လျှောက်လှမ်းနေသော သူ၏နောက်သို့ အနောက်မှ လူနှစ်ယောက်မှာ မနဲမှီအောင်လိုက်နေရသည်။

"သခင်လေး နောက်တစ်နာရီ SK မှာအစည်းအဝေးရှိပါတယ်"

"ကျစ်!"

အဆင်သင့် တံခါးဖွင့်လာပေးသော ကားပေါ်သို့တက်လိုက်ရင်း ဘေးမှသူတစ်ယောက်ပြောလာသောစကားအား စိုင်းခွန်မိန်းစိတ်ပျက်စွာရေရွတ်လိုက်သည်။ ထို့နောက် လက်မှ နာရီအားကြည့်ကာ

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now