Part - 37

10.2K 875 74
                                    

"ခင်ဗျားဘယ်သူလဲ၊ ဘာလို့ ဒီမှာရှိနေတာလဲ ကျွန်တော်ခင်ဗျားကိုမသိဘူး"

"ဘာ"

မာဆက်ဆက်ထွက်ပေါ်လာတဲ့အသံကြောင့် ခန့်ဝေယံကို ကြောင်တောင်တောင်လေး ဖြစ်သွားရသည်။ အခု ဘာပြောလိုက်တာလဲ၊ သူနားကြားမှားတာလား။

"မိန်း ဘာပြောလိုက်တာ"

"ခင်ဗျားဘယ်သူမလို့ ဒီမှာရှိနေတာလဲ"

"ဘာဖြစ်တယ်!"

ကိုယ့်မှာတော့ သူ့ကို ဝမ်းသာအားရနဲ့ suprise လုပ်ချင်လွန်းလို့ ကုန်ပစ္စည်းအသစ်အတွက် အောင်ပွဲခံ dinnerတောင် သေချာမတက်ခဲ့ပဲ ချက်ချင်းပြန်လာခဲ့ရတာ။

လေဆိပ်ကနေ အပြင်ကိုခြေချရုံရှိသေး B2ဆီမှ ဝင်လာတဲ့သတင်းက "သခင်လေး ဆိုင်ကယ် accident ဖြစ်လို့ပါတဲ့"။ အိမ်တောင်မပြန်နိုင် ဆေးရုံထိရောက်လာရပြီး တစ်ချိန်လုံး စိုးရိမ်လို့ ထိုင်မရ ထမရ နဲ့ ဆုတောင်းပေးနေရတာကို၊ ဒါကဘာစကားလဲ။

စိတ်ကောက်နေတာကိုသိပေမယ့်၊ သူချော့ရမယ်ဆိုတာကို သိပေမယ့်၊ ပြန်ရောက်ရောက်ချင်း လူကို အမောစို့အောင် ပြောလာတဲ့စကားက ခင်ဗျားဆိုတဲ့ အသုံးအနှုန်းနဲ့ သယ်သူလဲဆိုပဲ။

"ကိုယ်မှားပါတယ် ကိုယ်တောင်းပန်ပါတယ် အခုခဏလေးတော့နေပါဦး မင်း အခြားထိခိုက်မှုရှိသေးလား စစ်ဆေးရဦးမှာမလို့ ပြီးမှစိတ်ကောက်"

"ဘယ်သူက ခင်ဗျားကိုစိတ်ကောက်နေလို့လဲ"

"မိန်း!"

"ခင်ဗျားကဘယ်သူမလို့လဲ"

"ကိုယ်လား ကိုယ်က မင်းအမျိုးသားလေ"

"ဘယ်တုန်းက ကျွန်တော့်မှာ အမျိုးသားရှိသွားတာလဲ"

"ကျစ်! မြင်လား ဒီမှာ ဒီမှာ မင်းကငါ့အပိုင် ငါ့အမျိုးသားဖြစ်သလို ငါကမင်းအမျိုးသား ကြည့် ကြည့်"

ခန့်ဝေယံကို စိတ်တိုတိုနှင့် လက်စွပ်ဝတ်ထားသော လက်တို့ကို ဆုပ်ကိုင်ကာ မျက်နှာရှေ့တည့်တည့်သို့ မြှော​က်ကာပြောလိုက်သည်။ 8 လ ကြီးများတောင် ခွဲထားရပြီး ပြန်တွေ့တာကို ကြင်ကြင်နာနာနဲ့ ထွေးပွေ့ပေးမယ်မရှိဘူး ရင်ဝကိုဆောင့်ကန်တဲ့ စကားတွေပြောနေတာ မလွန်ဘူးလား။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now