Part - 15

14.1K 1K 17
                                    

ဒီနေ့လည်း မနေ့ကလိုပဲ ခန့်ဝေယံကိုရဲ့ နားရွက်ထိပ်ဖျားလေးတွေက စိုင်းခွန်မိန်းကြောင့် နီရဲနေရပြန်သည် ။

"ကိုကို"

"အင်း"

သူ့နှုတ်ခမ်းတို့ဆီမှာသာရစ်ဝဲနေသော စိုင်းခွန်မိန်းအကြည့်တို့ကြောင့် ခန့်ဝေယံကိုမှာ ခေါင်းပင်သိပ်မဖော်ရဲသည်အထိ ။

ခက်တယ် ၊ ခက်တယ် အဒီလိုမထိတထိ အမူအယာလေးတွေလုပ်ပြနေမှတော့ ဒီလူကခံနိုင်ရိုးလား ကိုကိုရာ ။ သူဖြစ်နေရုံနဲ့တင် ရူးခါနေတာကို ၊ အသဲယားအောင်လာမြူစွယ်နေသလားဗျာ ။

စိတ်ရှိတိုင်းသာ ဖျစ်ညစ်မိရင် ကြောက်ပြီးငိုတော့မယ်ထင်သည် ။ ပထဆုံးအနမ်းမှာတင် စိတ်မထိန်းစွာ နှုတ်ခမ်းနူ့အိအိလေးအား အချိန်အတော်ကြာ မလွတ်ပေးပဲနမ်းမိလို့ သူ့ကိုအတော်လန့်သွားသည် မဟုတ်လား ။

"မိန်း"

စူးရှရှအကြည့်တို့နဲ့ စိုက်ကြည့်နေတာကြောင့် ခန့်ဝေယံကို မရဲတရဲလေးနဲ့ ခေါ်လိုက်ရသည် ။

"ဗျာ..."

ဆွဲဆွဲငင်ငင်နဲ့ထူးလာသော အသံကြောင့် တဖန်အူယားမိတာက သူ ၊ အဒီကောင်လေးကလေ တကယ်ကို အမျိုးမျိုးနဲ့ ခြွေတတ်လွန်းနေတာ ။

"ကိုယ်ဒီနေ့လေ ဆိုင်အတွက်လိုအပ်တာ နည်းနည်းသွားဝယ်စရာရှိတယ်"

"ကျွန်တော်နဲ့အတူတူသွားမယ်လေ"

"အင်း"

ခေါင်းလေးတဆက်ဆက်ငြိမ့်ပြကာ ပြုံးရယ်လျက်ပြောသော ချစ်ရသူလေးအား စိုင်းခွန်းမိန်းအား အမိအရကြည့်သည် ။

ကိုကိုကရယ်လိုက်ရင်လည်း သိပ်လှတာ ။

"ကိုကို ကျွန်တော်ပြောပြမယ် ကျွန်တော်ကိုကြည့်"

သူပြောလိုက်တော့လည်း ကြည်တောက်တော်မျက်ဝန်းလေးတွေက အလေးအနက်ဖြင့် ကြည့်လာသည် ။

"ကိုကိုလုပ်ချင်တာ ၊ ကိုကိုသွားချင်တာ  ၊ ကိုကိုဖြစ်ချင်တာအားလုံး ဘာမဆို ကျွန်တော်ကိုပြောလို့ရတယ် ၊ အားနာစရာလည်း မလိုဘူး ၊ စိုးရိမ်စရာလည်းမလိုဘူ ဟုတ်ပြီလား"

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now