Part - 27

9.6K 906 32
                                    

မနေ့ညက မနက်မိုးလင်းခါနီးအချိန်မှ အိပ်မပျော်ခဲ့တဲ့ ခန့်ဝေယံကိုက မနက်ကျတော့လည်း အရင်နေ့တွေကထက် အစောနိုးနေသည် ။

"သား နိုးတာစောလိုက်တာ"

"ဟုတ်မေမေ အစောနိုးလာလို့"

ဘုရားပန်းလဲတာကို ကူပေးနေရင်းနဲ့ မိခင်ဖြစ်သူက မေးလာတော့ သူ့မှာ မုသားစကားဟု မဆိုနိုင်သော မုသားသုံးကာပြန်ဖြေလိုက်ရသည် ။

"ဒါနဲ့သား ဟိုကလေးအတွက်ပါ နေ့လည်စာထည့်သွားမှာမလား"

"ဟုတ် မေမေ"

"မေမေပြင်ထားတယ် ဘာထပ်ထည့်ချင်သေးလဲ သွားကြည့်လိုက်ဦး ဒါကိုမေမေဆက်လုပ်လိုက်မယ်"

"ဟုတ် မေမေပြီးရင် သားတို့မနက်စာစားရအောင်လေ သားအစောသွားချင်လို့"

"အင်းအင်း သားသွားဖို့ပြင်ထားလိုက်တော့လေ"

"ဟုတ်"

မနက်စာစားပြီးတာနဲ့ ခန့်ဝေယံကို ဆိုင်သို့ဦးတည်လိုက်တော့သည် ။ တကယ်တော့ ဆိုင်ကိုသွားဖို့လောနေတယ်ဆိုတာထက် ဒီမနက် စိုင်းခွန်မိန်းဆီဖုန်းဆက်မရလို့ စိတ်ပူနေခြင်းဖြစ်သည်။ ထို့အတူ သွင်မင်းကလည်းဖုန်းမကိုင်။

လမ်းတစ်လျောက် ကားမောင်းရင်းနဲ့ ဖုန်းခေါ်နေပေမယ့် တစ်ဖက်ကဖုန်းက ကိုင်သူမဲ့နေဆဲ ။ ပြန်လည်ဖြေကြားခြင်းမရှိပါလို့ပဲ ဖြေနေတဲ့ တစ်ဖက်က operator မိန်းကလေးရဲ့ အသံကိုပင် သူ့မှာစိတ်ပေါက်လာရသည် အထိ ။

မင်းနဲ့ငါနဲ့ တွေ့ကြသေးတာပေါ့ကွာ စိုင်းခွန်မိန်း ၊ မင်းနာဖို့သာပြင်ထား ။

တစ်ဖက်တွင်တော့

အခန်းတစ်ခုလုံး ကြွက်သိုက်နဲ့နင်လားငါလား ဖြစ်နေရှာတဲ့အခန်းတစ်ခု ။ ဒါသည် ရုံးခန်းပါဟု ကျိန်ဆိုပြောရင်တောင် ယုံဖို့ခက်ခက်ပဲ ။

"မြန်မြန်ရှာစမ်းပါကွ"

ဆပ်ပြာသည်လိုလင်ပျောက် အဲ့လေ ဖုန်းပျောက်နေရှာတဲ့ စိုင်းခွန်မိန်းက တစ်ညလုံးအရက်နာကျထားတဲ့ သုံးယောက်အား နားပူအောင် ညှော်နေသည် ။

"ငါလူးပဲ မျက်လုံးကနှစ်လုံးထဲကွ"

"ပြောလိုက် ရှာပေးနေတာကို ကျေးဇူးမတင်ဖင်လှန်ပြနေတာ"

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now