Part - 16

12.4K 1.1K 87
                                    

မနက်အစောရဲ့ တရားသံသဲ့သဲ့လေးက ခန့်ဝေယံကိုနားထဲခပ်တိုးတိုး တိုးဝင်နေသည် ။ ထုံးစံအတိုင်းပင် မနက် ၅ နာရီခွဲလို့ မေမေတရားထဖွင့်တာဟုသိပေမယ့် ခန့်ဝေယံကို မျက်ဝန်းတို့ကဖွင့်မရသေး ။

ညက စိုင်းခွန်မိန်းနဲ့ဖုန်းပြောပြီးချိန် အိပ်မပျော်တာကြောင့် ဇာတ်လမ်းတွဲထိုင်ကြည့်လိုက်တာ ၊ တစ်ပိုင်းပြီးတစ်ပိုင်းနဲ့ ကြည့်ကောင်းနေတာ ၄ နာရီထိုးသွားလေသည် ။

နိုးနေကျအချိန် မျက်လုံးက အလိုက်တသိနဲ့ပွင့်လာပေမယ့် သူတကယ်ကို မထချင်သေး ။ ဖက်အိပ်နေကျ အရုပ်ကိုမျက်လုံးမဖွင့်ဘဲ စမ်းရှာကာ ရင်ခွင်ထဲထည့်လျက် ဆက်အိပ်နေလိုက်သည် ။

သူဘယ်လောက်ကြာ အိပ်ပျော်သွားသည် မသိ ပါးပြင်ပေါ်သို့ နူ့ညံ့ညံ့အထိအတွေ့လေး ခံစာနေတာကို သတိထားမိတော့မှ ပြန်နိုးလာသည် ။ သို့သော် မျက်လုံးကမဖွင့်ချင်သေး

"မေမေ သား အရမ်းအိပ်ချင်နေတယ်"

ရင်ခွင်ထဲက အရုပ်လေးကို ပိုတိုးဖက်လျက် ညီးငြူစွာပြောတော့ ၊ သူ့ပါးပြင်ထက်ကလက်ကလေးက အနည်းငယ်တုန်သွားတာကို သတိထားမိသည် ။ ထို့အပြင် လေထုထဲမှ တစ်ချက်တစ်ချက်ရလိုက်တဲ့ ကိုယ်သင်းရနံ့လေး ။ မွှေးလွန်းသည်လည်းမဟုတ် ခပ်သင်းသင်းလေးနဲ့ ဆွဲဆောင်မှုရှိတဲ့အနံ့လေး ။

ထိုကဲ့သို့ ကိုယ်သင်းရနံ့လေးရှိတာ တစ်ဦးပဲရှိသည်လေ ။

ဒါပေမယ့် မဖြစ်နိုင်ဘူး ၊ သူပဲစိတ်ထင်နေတာလား ။

တွေးရင်းနဲ့ပင် ခန့်ဝေယံကို ပြန်အိပ်ပျော်မလိုပြန်ဖြစ်သွားပြန်သည် ၊ ပါးပြင်ထက်ကထိုလက်ကလေးက နွေးထွေးစေနေသလိုပဲ ။

ရယ်သံသဲ့သဲ့လေးကြောင့် မျက်ဝန်းတို့ကို မနဲအားတင်းကာဖွင့်ကြည့်လိုက်တော့ ၊ သူ့အားပြုံးပြလျက် ငုံ့မိုးကြည့်နေသာ သူ့ရဲ့ တစ်ဦးတည်းသော ကောင်လေး ။

"မိန်း?"

အလန့်တကြားပင် ငုပ်တုပ်ထထိုင်မိသည် အထိ လန့်သွားရတာအမှန် ။ အိမ်မက်တော့မဟုတ်ဘူးထင်သည် ၊ ဒါမှမဟုတ်အိမ်မက်များလား ။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Donde viven las historias. Descúbrelo ahora