Part - 28

10.1K 876 37
                                    

ကားလေးတစ်စီးက ဝန်းတစ်ခုရဲ့ အပေါက်ဝတစ်ခုမှာ ခဏရပ်သွားသည် ။ ဂိတ်စောင့်လုံခြုံရေးက ကားထဲမှသူကို ​မြင်တာနဲ့ အချိန်မဆိုင်းဘဲ တံခါးဖွင့်ပေးလာသည် ။

"ကြောက်နေတာလား ကိုကို"

ကားကိုလက်တစ်ဖက်နှင့်သာ ကိုင်မောင်းနေပြီး တစ်ဖက်ကချစ်ရသူလက်လေးကို ဆုပ်ကိုင်ထားသော စိုင်းခွန်မိန်းက သူ့လက်ဖဝါးထဲက လက်ကလေးက အေးသည်ထက်အေးလာသည်ကြောင့် မေးလာသည် ။

"မဟုတ်ပါဘူး"

အငြင်းသဘောဆောင်တဲ့ ဖြေသံတိုးတိုးထွက်လာပေမယ့် အဖျားခက်ကာ အနည်းငယ် တုန်နေသယောင်မလို့ လက်ကလေးအား ကိုင်မြှောက်လိုက်လျက် နှုတ်ခမ်းတို့နှင့် ထိတွေ့လိုက်ကာ အနမ်းခြွေတော့ သက်ပြင်းချသံ တိုးတိုးလေးထွက်လာသည် ။

"ဒါက ရုံးချုပ်လေ ကိုကို လူနည်းနည်းများတယ်"

"အော်"

ပါကင်မှာ ကားထိုးရင်းနဲ့ ချစ်ရသူလေးက ဘေးပတ်ပတ်လည်က ကားတွေကို အကဲခက်နေတာကြောင့် အလိုက်တသိဖြေပေးတော့ ခေါင်းလေးငြိမ့်လျက် နားထောင်နေသည် ။

ကားတံခါးဖွင့်ပေးဖို့ အမြန်ဆင်းကာ တစ်ဖက်ကိုသွားလိုက်ပေမယ့် သူ့ဘာသူဖွင့်ကာဆင်းလာပြီး ရပ်နေသော သူကြောင့်

"ကိုကို"

"အိုကေ ဖိုက်တင်း သွားကြတာပေါ့"

လက်သီးအုပ်ကာ ကိုယ့်ကိုကိုယ်အားပေးသလိုပြောပြီး သူ့အားကြည့်လာသော ချစ်ရသူလေးက ရုံးချုပ် လူများတယ်ဆိုတဲ့အသံကြောင့် ပိုလန့်သွားတဲ့ပုံပဲ ။

"ကျွန်တော်ရှိတယ်လေဗျာ"

"သိပါတယ်"

လက်ကလေးကိုဆုပ်ကိုင်လျက် သွားဖို့ပြင်လိုက်တော့ အလိုက်သင့်လေးဆုပ်ကိုင်လာပြီး မျက်နှာလေးက ပိုတည်သွားသည် ။

ဒါသက်သက်လူကြီးစတိုင်ဖမ်းပစ်လိုက်တာ ။

"ဘယ်လိုလေးလဲဗျာ"

အူယားစွာ ပါးတစ်ဖက်အားနမ်းလိုက်မိတော့ မျက်မှောင်ကြုတ်သွားလျက်

"အေးဆေးနေစမ်း"

"ဟုတ် ကိုကို"

လက်ချင်းဆုပ်ကိုင်လျက် ဓာတ်လှေကားထဲဝင်လိုက်တော့ တံခါးပိတ်သွားတာနဲ့ ခန့်ဝေယံကိုက စိုင်းခွန်မိန်းပခုံးပေါ်မှီကာ ခါးကိုတင်းနေအောင် ဖက်လာသည် ။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Donde viven las historias. Descúbrelo ahora