Part - 24

10.2K 945 13
                                    

ခန့်ဝေယံကိုတစ်ယောက် kitchen room ထဲမှာ အလုပ်များနေတုန်း ဖုန်းဝင်လာတာကြောင့် လုပ်လက်စများကို လက်စသတ်ကာ ဖုန်းကိုင်ဖို့ ပြင်ရသည် ။

စိုင်းခွန်မိန်းက အဂ္ဂပိုင်နဲ့ ဖြိုးထက်အောင်ရောက်နေသည်ကြောင့် ရုံးခန်းထဲမှာရှိနေကာ သူ့အနားမှာ မရှိနေ ။ ဘေးဘက်ခုံပေါ်မှ ဖုန်းကိုယူကာ ကိုင်ဖို့ပြင်လိုက်ပေမယ့် screen ပေါ်မှ နာမည်ကြောင့် အနည်းငယ် အံ့ဩသလို လန့်သွားရသည် ။

သက်ပြင်းဖွဖွချလိုက် စိတ်တင်းကာ ကိုင်လိုက်ရင်း

"ဟယ်လို မာမီ"

"အင်းသား မာမီပါ သားခန့် ဖုန်းပြောလို့အဆင်ပြေလား"

"ဟုတ်ကဲ့ခင်ဗျ"

"နေ့လည်လောက်သားခန့်အားလားဟင်"

"ဟုတ်ကဲ့ အားပါတယ်မာမီ"

"အဒါဆိုရင်လေ မာမီဆိုင်ကိုခဏလာပေးပါလား မာမီလိပ်စာပို့ပေးလိုက်မယ်လေ ၊ ဒီမှာ လော့ကတ်ဒီဇိုင်းလေးရွေးနေတာ မာမီမရွေးတတ်တော့လို့"

"ဗျာ ဟုတ် ဟုတ်ကဲ့မာမီ"

"နောက်ပြီး နေ့လည်စာကို မာမီနဲ့အတူစားမယ်လေ"

"ဟုတ်"

"မာမီ တစ်ယောက်ထဲ စားရမှာ ပျင်းလို့ တစ်ယောက်ထဲဆိုမစားချင်တော့ဘူး ၊ သားခန့်အတူစားပေးနော်"

"ဟုတ်ကဲ့"

"အဒါဆိုဒါပဲနော် သားခန့် မာမီစောင့်နေမယ်"

"ဟုတ်ကဲ့မာမီ"

ဖုန်းချလိုက်ပြီးတာနဲ့ ဒေါ်သက်ထားဖြူ သဘောကျစွာ အသံပင်ထွက်သည်အထိရယ်လိုက်သည် ။

သူမသိသားပဲ ဒီကလေးက သိပ်ချစ်စရာကောင်းတာ ၊ နောက်ဆုံးတော့ သားကြောင့်ရလာတဲ့ ဒုတိယသားလေးနဲ့အတူ shopping အတူထွက်ရတော့မယ် ။ အူပုတ်ကောင်ပါလိုက်လာရင်တော့ သားနှစ်ယောက်နဲ့ အဟိ ပျော်စရာကြီး ။

အရင်နေ့က မြသုခစံအိမ်ကအပြန် စိုင်းခွန်မိန်းအလစ်မှာ လက်ဆွဲခေါ်ပြီး ခန့်ဝေယံကို ဆီမှ ဖုန်းနံပါတ်တောင်းကာ သူမဖုန်းနံပါတ်ကိုလည်း ထည့်ပေးလိုက်တဲ့ ဒေါ်သက်ထားဖြူက အကွက်စေ့လှသည် ။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Donde viven las historias. Descúbrelo ahora