Part - 4

16.8K 1.4K 23
                                    

မြသုခစံအိမ်

မနက် ၇နာရီကထဲက မထစဖူး အထထူးနေတဲ့ သခင်လေးဖြစ်သူကြောင့် တပည့်ကျော်တစ်စုအလုပ်များနေရသည် ။

"ဒါလေးကောင်း မလား"

B1 - "ဟုတ်သခင်လေးအဒါလေးမိုက်တယ်"

"မဟုတ်သေးဘူး ဒါလေး"

B2- "ဟုတ်တယ် အဒါလေးမိုက်တယ်သခင်လေး"

"အင်း...ဒါလေးရော"

သူတို့မက်တပ်ရပ်စောင့်ပေးနေရရင်း ဝတ်စုံကြည့်ပေးနေရတာ ၁နာရီလောက်ပင်ရှိတော့မည်ဆိုသော်လည်း ၊ အဝတ်စားလဲခန်းတစ်ခုလုံးနဲ့ ကုတင်ပေါ်မှာလည်း ဖွာလန်ကြဲနေသော်လည်း ၊ သခင်လေးဆိုသူကတော့ အခုထိစိတ်တိုင်းမကျရှာသေး ။

B1- "သခင်လေးက ဒီလောက်ချောတာ ဘာဝတ်ဝတ်လိုက်ပါတယ်"

B2- "ဟုတ်တယ် ဟုတ်တယ် သခင်လေးကဘာဝတ်ဝတ် မိုက်နေတာ"

ရပ်နေရတာညောင်းတာထက် ပါးစပ်အတော်ပင်ညောင်းနေရပြီမလို့ မြန်မြန်ရွေးပြီးစေချင်နေလေပြီ ၊ fashion kingကြီးကမေးနေတာမလို့ ခဏခဏခေါင်းငြိမ့်ပြရလွန်းလို့ သူတို့ကသာခေါင်းညောင်းနေသော်လည်း စိုင်းခွန်မိန်းက စိတ်တိုင်းမကျသေး ။

"ရွေးရခက်လိုက်တာ"

တစ်မျိုးပြီးတစ်မျိုးကို မမောနိုင်မပမ်းနိုင် ဝတ်လိုက်ချွတ်လိုက်လုပ်နေတာကိုပဲ အံ့သြမဆုံး ။

အော် ဒုက္ခ ဒုက္ခ ။

B2- "သခင်လေး"

"အေး"

B2- "သခင်လေးက ဘာဝတ်ဝတ်တကယ်လိုက်တာပါ အဒါကြောင်လေ."

"ငါဘာဝတ်ဝတ်လိုက်တာ ငါသိတယ်"

သူတို့စကားမဆုံးခင်ဖြတ်ပြောလာတဲ့စကားကြောင့် B2မှာတော့ ဆက်ပြောမယ့်စကားတောင်နင်သွားရသည် ။
"အဒါဆိုလည်း အကုန်ဖွနေတာရပ်ပါတော့" လို့သာအော်လိုက်ချင်ပါရဲ့ ။

"မဟုတ်သေးဘူး"

ပြောပြီး ခေါင်းတရမ်းရမ်းနဲ့ထွက်သွားသော သခင်လေးဖြစ်သူအားကြည့်ကာ သူတို့နှစ်ယောက်ပြိုင်တူသက်ပြင်းချလိုက်ကြသည်။

အင်း မမောနိုင်တာကို တကယ်လေးစားတယ် ။

စိုင်းခွန်မိန်းတစ်ယောက်ကတော့ အလောကြီးနဲ့ သုံး လေးလနေလို့တစ်ခေါက်တောင်မရောက်ဖြစ်တဲ့ မိဘတွေအခန်းဆီ ဦးတည်သွားသည် ။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now