Part - 23

11.2K 927 11
                                    

မြသုခစံအိမ်ကနေပြန်လာကထဲက စိုင်းခွန်မိန်းက ခန့်ဝေယံကိုအနားကမခွာ အတင်းလိုက်ကပ်နေသည် ။ ခန့်ဝေယံကိုမှာ သူဘယ်သွားသွား တကောက်ကောက်လိုက်နေတဲ့ သူ့ရဲ့ပီကေလိုခွေးပေါက်လေးကြောင့် သူ့မှာဘာမှ ကောင်းကောင်းမလုပ်ရ ။

ဘာများဖြစ်သလဲဟုစိုးရိမ်စွာမေးကြည့်တော့ ပြန်ဖြေလာသည့် အဖြေကြောင့် သူ့မှာရက်ရခက် ငိုရခက် ၊ "နောက် ၂ရက်နေရင် မေမေပြန်လာတော့မှာဆို"တဲ့ ။

အခုလည်း ကုတင်ထက်တွင် ခန့်ဝေယံကိုက laptopနှင့် ကိုရီးယားဇာတ်လမ်းတွဲ ထိုင်ကြည့်နေတာကို စိုင်းခွန်မိန်းက သူ့ပေါင်ပေါ်ခေါင်းအုံးကာနေရင်းနဲ့ ဝမ်းဗိုက်ကိုမျက်နှာကပ်ကာ ခါးကိုဖက်ထားလျက် နေနေပြန်သည် ။

"အင့်"

ကြားလိုက်ရတဲ့ ရှိုက်သံတိုးတိုးလေးကြောင့် စိုင်းခွန်မိန်းမှာ ပျာယာခက်သွားရကာ ငုတ်တုပ်ထထိုင်မိသည်အထိ ။

"ဘာဖြစ်လို့လဲကိုကို"

နှာသီးဖျားလေးတောင်နီရဲနေတာမလို့ စိုင်းခွန်မိန်းစိတ်ပူသွားရသည် ။

"သူပျောက်သွားတော့မှာ"

"ဘယ်သူ"

"သနားပါတယ်"

လက်ညိုးလေးက laptop ကို ညွှန်ပြလာတာမလို့ စိုင်းခွန်မိန်းလှည့်ကြည့်လိုက်တော့ မင်းသားရဲ့ရင်ဖက်ကဓားအား မင်းသမီးကဆွဲထုတ်နေသည့်အခန်း ။

ချစ်ရသူကနှာတရှုံရှုံလုပ်နှင့်ပင် မျက်ရည်ဝဲနေကြောင့် စိုင်းခွန်မိန်းမှာ အရင်လိုပဲ နှစ်သိမ့်ပေးဖို့စကားရှာရတော့သည် ။ Goblin ဆိုသည့် ဒီဇာတ်လမ်းတွဲကိုသိပ်ကြိုက်ပါသည်ဟုဆိုကာ ခဏခဏကြည့်ပြီး ခဏခဏဝမ်းနည်းတတ်သည် ။

ဘယ်လိုတောင်ချစ်စရာကောင်းနေမှုကြီးလဲ ။

"မောမယ်လေကိုကိုရယ်"

ပါးပြင်နုနုလေးအားကိုင်ကာက ချော့ပြောပေမယ့် စကားပြန်မလာ စူပုတ်ပုတ်လေးဖြစ်ချင်လာသည် ။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now