Part - 18

12.2K 1K 43
                                    

ကြောင်ပေါက်လေးနဲ့ သူ့အားလွဲခြင်းကြောင့် စိတ်ကောက်နေတဲ့ ကောင်လေးအား ခန့်ဝေယံကို martကိုဆွဲခေါ်လာတော့ပါလာသည် ။

"ဟီး မိန်းကလည်းကွာ မျက်နှာကြီးပြင်လိုက်ပါတော့ ကိုယ်တကယ်မသိလိုက်တာပါကွာ"

"သူက ကျွန်တော့်နေရာဝင်ယူသွားတာ"

"ကြောင်ပေါက်လေးပါကွာ"

"ကြောင်လည်းမရဘူး"

"ကဲပါဟုတ်ပြီ လာ လာ သွားကြရအောင်"

ခန့်ဝေယံကိုက လက်မောင်းကနေဆွဲခေါ်သွားတာကြောင့် စိုင်းခွန်မိန်းမငြင်းသော်လည်း အင်တင်တင်နဲ့သာ ။

"မိန်း"

"ဗျာ"

"ဟိ ကိုယ်လေ မိန်းအဒီလိုထူးရင် သဘောကျတယ်"

စိုင်းခွန်မိန်းက ခန့်ဝေယံကိုစကားကြောင့် ရယ်လိုက်ရင်း

"ကျွန်တော်ကတော့ ကိုကိုဖြစ်နေရုံနဲ့ အကုန်သဘောကျတယ်"

"အာ ဒါနဲ့မိန်း ဘယ်လိုဖြစ်လို့ကိုယ်နဲ့လာနေဖြစ်တာလဲ ၊ မေမေကပြောတာလား "

"မေမေက သူတရားစခန်းသွားမှာမလို့ သူ့ရဲ့အဖိုးတန်လေးကိုစောင့်ရှောက်ပေးပါတဲ့လေ"

ခန့်ဝေယံကိုထင်ပါသည် ၊ မေမေက ကိုပြည့်ကြောင့် သူ့အား မိန်းနှင့်ထားခဲ့ခြင်းဖြစ်မည် ။

"အဒီတော့ မိန်းကဘာပြန်ပြောလိုက်လဲ"

"တစ်ဘဝလုံးစာအတွက် စောင့်ရှောက်ချင်တာပါလို့"

"ဟွန့်"

"ချစ်ဖို့အရမ်းမကောင်းစမ်းနဲ့ကိုကိုရာ ကျွန်တော်ချစ်လွန်းလို့ရူးရတော့မှာ"

"ကိုယ်ဘာလုပ်လို့"

"မသိဘူး ကိုကို့ကိုကြည့်ရင်းနဲ့တင်ပိုပိုချစ်နေတာ"

"အော့ဟော်"

နှစ်ယောက်သားစကားပြောရင်း martသို့ရောက်သွားတာကြောင့် ခန့်ဝေယံကိုက ကြောင်စာလေးတွေရွေးဝယ်နေသည် ။ စိုင်းခွန်မိန်းကသူ့နောက်တကောက်ကောက်ပတ်လိုက်ကာ စျေးဝယ်ခြင်းလေးလိုက်ကိုင်ပေးသည် ။

"ဟုတ်သား မုန်ကုန်နေတာပဲ"

ပြောရင်းပင် မုန့်ထုတ်များထားတဲ့အတန်းဘက်ပြေးသွားသော ချစ်ရသူလေးကြောင့် စိုင်းခွန်မိန်းမှာပြေးလိုက်ရပြန်သည် ။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now