Part - 22

10.8K 1K 26
                                    

ရင်ခွင်ထဲက အနွေးဓာတ်လေးမရှိသည်ကြောင့် စိုင်ခွန်မိန်းနိုးလာသည် ။ မနက်အစောပင်ရှိသေးသည်ကို ကိုကိုဘယ်ရောက်သွားလဲ ။

အတွေးတွေနဲ့ အလန့်တကြားအိပ်ရာထက်မှ ထထိုင်မိချိန် မြင်လိုက်ရတဲ့ မြင်ကွင်းလေးကြောင့် သူ့မှာရယ်ရခက် ငိုရခက်ဖြစ်သွားရသည် ။

အဝတ်ဘီဒိုခြေရင်းမှာ အပုံလိုက်ဖြစ်နေသော အဝတ်အစားတွေရဲ့အလည် အလိုမကျဟန်မျက်နှာလေးနဲ့ ထိုင်နေသော ချစ်ရသူလေး ။

"ကိုကို"

အိပ်ရာထက်မှဆင်းကာ ထိုဘေးနားသွားထိုင်လျက်ခေါ်လိုက်တော့ မျက်မှောင်ကျုံ့နေလျက်ပင် လှည့်ကြည့်လာသည် ။

"ကိုယ့်ကြောင့်နိုးသွားတာလား"

"ရင်ခွင်ထဲမှာကိုကိုမရှိတော့လို့ နိုးလာတာပါ ၊ အစောကြီးရှိသေးတာကို ကိုကိုဘာလုပ်နေတာလဲ"

"ဘာဝတ်ရမလဲ မသိလို့ရွေးနေတာ"

"အယ်ဗျာ"

"ကူဦး ကိုယ်မရွေးတတ်တော့ဘူး"

အမှန်ပင်စိတ်ရှုပ်နေတဲ့ ပုံစံလေးကြောင့် စိုင်းခွန်မိန်းမှာ စိတ်မကောင်းပေ ၊ ကိုကိုထသွားတာကို သူစောစောသတိထားမိလိုက်ရမှာ ။

"လာ ထ ကိုကို စောသေးတာကို ခဏလောက်ပြန်အိပ်ရအောင်"

"ဒါပေမယ့်"

"လာပါ ကိုကိုရဲ့"

အပုံလိုက်ဖြစ်နေသော အဝတ်စားတွေအားဘေးတွန်းဖယ်ကာ ပခုံးလေးမှကိုင်လျက် ထူလိုက်တာ့ အလိုက်သင့်လေး ထလိုက်လာသည် ။ ကုတင်ပေါ်ပြန်သွားကာ ချစ်ရသူလေးအား ရင်ခွင်လေးထဲပြန်ထည့်လျက် လှဲစေလိုက်ပြီး

"ဘာဝတ်ဝတ်ကိုကိုနဲ့အကုန်လိုက်နေတာကို ဘာတွေရွေးနေတာလဲကိုကိုရာ အိပ်ရေးပျက်အောင်လို့"

"အဒါမင်းအမြင်လေ လူကြီးတွေမျက်လုံးထဲမှာကျအဆင်မပြေရင်ဘယ်လိုလုပ်မလဲ"

"ကောင်းတာပေါ့ ၊ မာမီကလွယ်တာမဟုတ်ဘူး အခုတောင်ကိုကို့ကို သားလေး ကလေးနဲ့ ဖြစ်နေတာ ၊ ကိုကိုဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာသိသွားရင် ခွာဖို့ခက်မှာ"

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now