Part - 2

19.3K 1.7K 132
                                    

လက်ထဲမှ ဖန်ပုလင်းလေးကို တကြည့်ကြည့်လုပ်ကာ အိမ်ထဲဝင်လာသောသူ ၊ အခြားသူ သတိမထားမလောက်ပေမယ့် သေချာအကြောင်းသိတဲ့သူ၏မိခင်ဖြစ်သူတစ်ဦးသာ ထိုသူလေးစိတ်ဆိုးနေတာကိုသိလိုက်သည် ။

မသိမသာဆူနေသောနှုတ်ခမ်းလေးရယ် ၊ နှမျောတသသဖြစ်နေသော မျက်ဝန်းလေးတွေရယ် ၊ ဆောင့်ဆောင့်အောင့်အောင့်လျှောက်လာတဲ့ခြေလှမ်းလေးရယ် ။

"ဘာဖြစ်လာတာလဲ ခန့်လေး"

ဆီးကြိုမေးလာသော မိခင်ဖြစ်သူကိုမြင်တော့ နှုတ်ခမ်းလေးကပိုဆူသွားကာ ။

"ဒီမှာ သားပုလင်းလေး အခုမှဝယ်လာတာကိုအရာထင်သွားပြီ"

ကလေးငယ်တစ်ယောက်လို ပုလင်းလေးထောင်ပြကာတိုင်နေတဲ့ သားဖြစ်သူကိုကြည့်ရင်း သူမသဘောကျစွာရယ်လိုက်သည် ။ ထို့နောက်လက်ကလေးမြှောက်လိုက်တော့ အလိုက်တသိခေါင်းလေးငုံ့ပေးလာသည် ။

သူမ သားဖြစ်သူဆံသားပျော့အိအိလေးတွေ့အား ထိုးဖွလိုက်ပြီး

"မေ့မေ့ သားလေးက ၂၈နှစ်ပြည့်ပြီးတာရောဟုတ်ရဲ့လားကွယ် ၊ လူကြီးအယောင်ဆောင် ၂နှစ်သားလေးများလား"

"မသိဘူး သားကကလေးပဲ"

ဟုတ်ပါသည် ခန့်ဝေယံကိုဆိုတဲ့သူမရဲ့ တစ်ဦးတည်းသားလေးက သူမအတွက်တော့ အမြဲတမ်းအတွက် ကလေးငယ်လေးပါပဲ ။

အခုလိုကလေးဆန်ပြီး ချစ်စရာအမူကောင်းတဲ့အပြူအမူလေးတွေကလည်း သူမတစ်ယောက်ကိုသာထုတ်ပြတတ်သည် မဟုတ်လား ။ အခြားသူတွေနဲ့ဆို အေးဆေးတည်ငြိမ်နေတတ်သူသာ ။

"အချွဲလေးလုပ်ပြနေတော့တာပဲ ၊ ပြောပါဦးဘယ်လိုဖြစ်လို့ ပုလင်းလေးကအရာသွားရတာလဲ"

"အဒီသူက သူ့ဘာသူဖုန်းကြည့်လမ်းလျှောက်လာပြီး သားကိုအားကြီးနဲ့ဝင်တိုက်တာ"

"ဟယ် သားခိုက်မိသွားသေးလား"

"သားကခိုက်မိပါဘူး ပုလင်းလေးပဲထိသွားတာ"

"တစ်ဖက်ကို ရန်တော့မလုပ်ခဲ့ဘူးလား ခန့်လေး"

"လုပ်ပါဘူး မေမေကလည်း ​ရန်လုပ်ရအောင် သွင်မင်းနဲ့မြတ်နိုးမှ မဟုတ်တာ"

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now