Part - 17

11.7K 1K 62
                                    

အစည်းအဝေးပြန်စပြီး ကိုယ်စီတာဝန်ယူနေတဲ့ projectတွေအား ၊ အပြိုင်ရှင်းပြဆွေးနွေးကြသော်လည်း ၊ ဝင်ငွေ No.1နေရာမှာရှိနေတဲ့ London project တာဝန်ခံဖြစ်တဲ့ စိုင်းခွန်မိန်းကတော့ ခပ်တည်တည်ပင်ထိုင်နေကာ တစ်ခွန်းမှဝင်မပြော ။

ဦးစိုင်းမောင်ဟိန်းက သူ့အနောက်မှာရပ်နေတဲ့ သူ၏လူယုံကိုယ်ရံတော်တစ်ယောက်အား အနားလာဖို့အချက်ပြလျက် ၊

"မင်းတို့သခင်လေးကိုပြောလိုက် တစ်ခုခုထပြောဦး"လို့

သားတော်မောင်က သူ့ကိုကို ဆိုင်မှ ကြိုတင်အကြောင်းမကြားပဲ မုန့်မှာခြင်းအား အခဲမကျေစွာ ၊ သူ့ကိုမျက်လုံးချင်းပင်မဆုံတာကြောင့် ထိုသို့ခိုင်းလိုက်ရခြင်းဖြစ်သည် ။

ထိုသူက စိုင်းခွန်မိန်းအားသွားပြောပြီးတာနဲ့ သူ့အနားပြန်ရောက်လာတာ ၊ မျက်နှာထက်ကြောက်ရွံ့ခြင်းများနှင့်

"ဟို သခင်လေးက ဥက္ကဌကြီးရှေ့က laptopက အလှချထားတာမဟုတ်ဘူး"လို့ပြောခိုင်းလိုက်ပါတယ် ။

"ဒီခွေးစုတ်ကောင်လေးကတော့"

စိုင်းခွန်မိန်းဆိုသည်မှာ သူ့သားပီသလွန်းစွာ သူ့ဆီကအမွေအကုန်ယူသည် ။ တူလွန်းနေတာထက်ပိုတာကြောင့် ဦးစိုင်းမောင်ဟိန်းမှာ တစ်ဦးတည်း​သောသားလေးအား အပြစ်ဟုလည်းမဆိုသာ ။

၄နာရီထိုးပြီးမှာတော့ သူတို့ရဲ့ဂုဏ်ဖော်ပြိုင်ကြွားခြင်း အစည်းဝေးကြီးပြီးသွားကြသည် ။ ဥက္ကဌကြီးထွက်သွားတာနဲ့ ကျန်ခဲ့တဲ့သူထဲမှတစ်ဦးက စိုင်းခွန်မိန်းအား

"မောင်ရင် လာတာနောက်ကျတယ်နော် ၊ လူငယ်ဖြစ်ပြီး လူကြီးတွေထက်အရင်ရောက်သင့်နေတာကို"

ပြန်မလို့လုပ်ပြီး ထရပ်ရုံရှိသေး လာပြောလာတာကြောင့် စိုင်းခွန်မိန်းစိတ်လေသွားရသည် ။

"အစည်းအဝေးကဘယ်နှစ်နာရီလဲ အန်ကယ်"

"၂နာရီလေ"

"ဆိုတော့ ကျွန်တော်နောက်ကျတာလား"

"ဘာဖြစ်တယ်"

"၂နာရီစမယ့်အစည်းအဝေးကို ၂နာရီရောက်တာနောက်ကျတာလား"

"လူကြီးတွေအားလုံးမင်းထက်စောရောက်နေကြတာ"

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now