Part - 32

9.7K 840 30
                                    

စိုင်းခွန်မိန်း သူ့ရင်ခွင်ထဲမှ လှုပ်စိလှုပ်စိလေးကြောင့် နိုးလာသော်လည်း ဘာလုပ်မလဲသိချင်၍ ထိုအတိုင်းသာ အိပ်ချင်ယောင်ဆောင်နေလိုက်သည် ။

သက်ပြင်းချသံတိုးတိုးလေးနဲ့အတူ ခါးမှာဖက်တွယ်ထားသော သူ၏လက်ကို မထိတထိနှင့်ဖယ်နေသော ထိုသူက သူနိုးသွားမှာ အတော်ကို စိုးရိမ်နေသည့်ပုံ ။

"အိုက်ရား"

ဖြစ်ချင်တာ မဖြစ်ရလို့ ခပ်တိုးတိုးငြီးငြူလိုက်သံလေးက အူယားဖွယ်ကောင်းတာမလို့ ဆက်ပြီး ဟန်မဆောင်နိုင်တော့စွာ ခါးသိမ်သိမ်လေးအား ပွေ့ကာ ကိုယ်ပေါ်တင်လိုက်တော့

"အာ မေမေ"

"ဟား ကိုကိုရာ"

အလန့်တကြားယောင်လာတဲ့ အသံလေးက အူယားစရာကောင်းတာမလို့ စိုင်းခွန်မိန်းမှာ အော်ရယ်မိသည်အထိ ။

"မိန်း!"

မကျေမလည်မသံလေးကြောင့် စိုင်းခွန်မိန်းရယ်နေတာကို ရပ်လိုက်ကာ ခပ်ရဲရဲဖြစ်နေသော မျက်နှာလေးအား စိုက်ကြည့်လိုက်တော့ အကြည့်လွှဲသွားသည် ။

ညက သူဘယ်လိုထိတောင် မူးသွားမိတာလဲဆိုတာ တွေးကြည့်မိတိုင်း ခန့်ဝေယံကို ကိုယ့်ကိုကိုယ်သာ ရိုက်ပစ်ချင်သည် ။ ဆိုးရွားလွန်းလိုက်တာ ၊ သဝန်တောင်တိုလိုက်မိသေး ။

"ကိုကို"

"အင်း"

"ဆိုင်ကိုတန်းသွားမှာလား အိမ်ပြန်ဦးမှာလား"

ရှက်နေမှန်းသိတာကြောင့် နေရခက်မည်စိုးကာ စကားလွှဲပြောလိုက်တော့မှ

"အိမ်ပြန်ဦးမယ် မိန်းကရော"

"ကိုကိုနဲ့လိုက်မှာလေ"

"အင်း သိပြီ"

"မနက်စာကို ဒီကစားသွားမလားကိုကို"

"ဟင့်အင်း စားတော့ဘူး"

"ခေါင်းကိုက်နေလား အဆင်ပြေရဲ့လား"

"နည်းနည်းကိုက်တယ်"

"ကိုကို ခေါင်းသွားကြည်အောင် ကျွန်တော် သံပုရာနဲ့ပျားရည်လေးမှာထားပေးမယ် ၊ ကိုကိုရေချိုးနှင့်"

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now