Part - 13

12.8K 1.1K 26
                                    

အချိန်အားဖြင့် ည 9:45

9 နာရီခွဲ ဆိုင်သိမ်းပြီးလို့ ဝန်ထမ်းတစ်ယောက်မှပင်မရှိတော့ပေမယ့် "...ကိုကိုဆိုင်သိမ်းချိန်မှလာခဲ့မယ်..."ဆိုတဲ့ စိုင်းခွန်မိန်းက ယခုထိတိုင် အရိပ်ပင်မမြင်ရသေး

Youtubeမှ မုန့်လုပ်နည်း viedoတွေကိုကြည့်ကာ ထိုင်စောင့်နေရင်းနဲ့ ပျင်းလာတာတော့အမှန် ၊ သူကစောင့်ရသည်မုန်းပါတယ်ဆို ၊ စိတ်မကြည်စွာ ဖုန်း​ခေါ်ဖို့တွေးလိုက်ချိန် ဆိုင်အပြင်ဘက်မှလာသောမီးရောင်စူးစူးက မျက်နှာတည့်တည့်သို့

စူးလွန်းတာကြောင့် မျက်လုံးမှိတ်ချလိုက်ပြီး အလင်းရောင်မခံစားရတော့မှ ဖြည်းဖြည်းချင်းပြန်ဖွင့်လိုက်ပေမယ့်

"မေ့မေ့"

သူ့မျက်နှာရှေ့တည့်တည့်မှာ နီးကပ်လွန်းစွာရှိနေတဲ့ စိုင်းခွန်မိန်းမျက်နှာကြောင့် ခန့်ဝေယံကိုယောင်အော်ကာ မျက်ဝန်းတို့ကတစ်ဖန်ပြန်မှိုတ်ချပစ်လိုက်သည်

စိုင်းခွန်မိန်းမှာတော့ သူတစ်ဦးထဲသာတွေ့မြင်ခွင့်ရတဲ့ ကိုကို့ရဲ့ချစ်မဝနိုင်တဲ့အမူအယာလေးအား ကြည့်မဝနိုင်

"ဖွဖွ ကိုကို လန့်သွားလား"

စိုင်းခွန်းမိန်းဆီမှအသံထွက်လာတော့မှ ခန့်ဝေယံကိုမျက်လုံးဖွင့်ကြည့်လာသည်

"နောက်ကျတယ်"

"ဟုတ်ပါ့ဗျာ ကျွန်တော်က ၁၈မိနစ်ကြီးတောင်နောက်ကျသွားတာ တောင်းပန်ပါတယ် ကိုကို"

"အာ"

သူကဒီအတိုင်းပြောလိုက်ပေမယ့် စိုင်းခွန်မိန်းက အချိန်အတိအကျပြောလာတာကြောင့် သူ့မှာဆက်ပြောဖို့ တန့်သွားရသည်

"ညစာစားပြီးပြီလား ကိိုကို"

"အင်း မိန်းရော"

"အဒါဆို ထ သွားရအောင်ကိုကို"

မိန်းရောဆိုသည့် အမေးအား မဖြေလို၍ စကားတမင်ဖျောက်ကာပြန်ဖြေလိုက်ခြင်းဖြစ်သည် ၊ ဗိုက်ထဲမှာညစာမပြောနဲ့ မနက်စာတောင် သေချာမရှိနေ ၊ ကိုကိုသိရင် သူအဆူခံရတာထက် စိတ်မကောင်းဖြစ်နေမည်မလား

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now