Part - 20

11.5K 1K 32
                                    

ဒီနေ့တော့ ထူးထူးခြားခြားဆိုရမလားမသိ ။ စိုင်းခွန်မိန်းက အလုပ်ကိစ္စနဲ့ အပြင်သွားတာကြောင့် ခန့်ဝေယံကိုတစ်ယောက်ထဲ ဆိုင်မှာရှိနေသည် ။

တကယ်တော့ ခန့်ဝေယံကို အတော်ကိုပျင်းနေမိတာ ၊ အနားမှာအရိပ်လို ရှိနေကျသူ တစ်ခဏလေးမရှိတာနဲ့ ရင်ထဲမှာဟာတာတာ ၊ ဒါမှမဟုတ် အဒီသူက စိုင်းခွန်မိန်းဖြစ်နေလို့ပဲများလား ။

ရုံးခန်းထဲမှာ အလုပ်ထိုင်လုပ်နေပေမယ့် အလုပ်ထဲဘယ်လိုမှ အာရုံရှိမနေနိုင်တာကြောင့် ၊ အဒီလောက်ထိစွဲလမ်းနေမိတဲ့ ကိုယ့်ကိုကိုယ်တောင် မယုံနိုင်စရာ ။

စိုင်းခွန်မိန်းဆီက သူနေ့လည်စာစားဖို့ သတိပေးပြီး လှမ်းပြောတဲ့ messageကြောင့်သာ နေ့လည်စာထစားပေမယ့် တစ်ခုမှစားမကောင်းနေပြန် ။

မဟုတ်သေးဘူး ၊ အဒီပီကေလိုခွေးပေါက်ကောင်လေးက သူ့ကိုဘယ်လိုတွေတောင် ပြုစားထားတာလဲ ။

နေ့လည်စာစားပြီးတော့လည်း စိတ်ထဲပျင်းလွန်းနေတာကြောင့် ကိတ်လုပ်ဖို့တွေးကာ kitchen room ထဲမှာပဲ အချိန်ဖြုန်းနေလိုက်သည် ။

"ကိုခန့်"

"ဟင်"

ဝန်ထမ်းကောင်လေးတစ်ယောက် လာခေါ်တာကြောင့် ခန့်ဝေယံကို ကိတ်တစ်ခုအား ပုံဖော်နေရင်းနဲ့ မော့ကြည့်လိုက်သည် ။

"ဟိုလေ အရှေ့မှာ ဧည့်သည်နှစ်ယောက်က ဆိုင်ရှင်နဲ့တွေ့ချင်လို့ပါတဲ့"

"ဘာပြသနာရှိလို့လဲ"

"မရှိဘူးကိုခန့် ဆိုင်လေးကိုသဘောကျလို့ပါတဲ့"

"အင်း ကျွန်တော်လိုက်ခဲ့မယ် ခဏလေး"

"ဟုတ်ကဲ့"

လုပ်လက်စမုန့်လေးအား လက်စသက်လျက် လက်ဆေးကာ ထိုကောင်လေးနဲ့အတူ အပြင်ထွက်ခဲ့လိုက်သည် ။

"ကိုခန့် ဟိုဝိုင်း"

ထိုကောင်လေး ညွှန်ပြသော နေရာအား လှမ်းကြည့်လိုက်တော့ ဦးလေးအရွယ်အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ။

"အင်း"

ခန့်ဝေယံကိုထိုအနားသို့ အသာလှမ်းသွားလိုက်ပြီး

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now