Part - 26

10.4K 910 9
                                    

တစ်မနက်ခင်းလုံး မျက်နှာချင်းမဆိုင်ဘဲရှောင်ပြေးနေတဲ့ ချစ်ရသူကြောင့် စိုင်းခွန်မိန်းမှာ ရယ်ရခက်ငိုရခက်ဖြစ်နေရသည် ။

နည်းနည်းလေးအဆင့်တတ်မိတာတောင် အခုလိုဖြစ်နေရင် အဆုံးထိသွားတဲ့အချိန်ကျရင် ထွက်များပြေးသွားမလားမသိ ။

မေမေပြန်လာမည်ဆိုသောကြောင့် ဆိုင်မသွားဘဲစောင့်နေသော်လည်း ခန့်ဝေယံကိုမှာ စိုင်းခွန်မိန်းနဲ့ မျက်နှာချင်းမဆိုင်မိအောင် ပတ်ပြေးနေမိသည် ။ ညကအကြောင်းခေါင်းထဲရောက်လာတိုင်း တစ်ကိုယ်လုံးပူထူလာတာ ကိုယ့်ကိုကိုယ်ပင်ပြန်လန့်လာရသည်အထိဖြစ်နေသည် ။

သူ့စိတ်ကိုသူပြင်ဆင်ထားခဲ့ပေမယ့် တကယ်တမ်းကြုံလိုက်ချိန်မှာ ရူးတော့မလိုခံစားချက်ကြောင့် ရှက်စိတ်တိုးကာ ဘာကိုမှမတုန့်ပြန်တတ်သလို စိုင်းခွန်မိန်းအားမျက်နှာချင်ပင်မဆိုင်ရဲတော့ ။

အခုလည်းမနက်စာစားဖို့ပြင်နေတာဖြစ်ပေမယ့် အတူထိုင်စားဖို့ကို သူ့မှာစားရဲပါ့မလားတွေးနေမိသည် ။

"ကိုကို"

ကြက်ဥချောင်းကြော်နေရင်း အတွေးလွန်နေတုန်း နား နားဆီမှာအသံကြောင့် ကိုယ်လေးတုန်သွားရကာ

"ဟမ် အာ အင်း မ မနက်စာစားရအောင်လေ"

"တစ်မနက်လုံးပတ်ပြေးပြီးရှောင်နေတာ မမောဘူးလားကိုကို"

"ကိုယ်က ဘာ ဘာကို"

"တူးတော့မယ်"

"ဘာကိုတူး အာ အင်း"

အရှက်သည်းနေတဲ့ပုံလေးကတောင် အူယားဖို့ကောင်းနေတာတော့ မလွန်ဘူးလားဗျာ ။

စာပွဲမှာထိုင်စောင့်ရင်းနဲ့ ချစ်ရသူကျောပြင်လေးအားငေးကြည့်ရင်း ချစ်တဲ့စိတ်တွေကတစ်စထက်တစ်စပိုတိုးလာရသည် ။

ရာသီဥတုသိပ်မအေးပါဘဲနှင့် ဆွယ်တာ အဝါဖျော့ရောင် လည်ပင်းအပိတ်အင်္ကျီလက်ရှည်ကို ဝတ်ထားတာက သူ့ရဲ့အချစ်အမှတ်အသားတွေကို ဖုံးကွယ်ဖို့သက်သက်ဖြစ်မည် ။

ကိုကိုကစိတ်ပုတ်တာပဲ အဒီလောက်လှတဲ့ ​အလှတရားတွေကို ကွယ်ပစ်တယ်။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Opowieści tętniące życiem. Odkryj je teraz