Part - 19

11.4K 973 15
                                    

ချစ်ခြင်းတရားက သိပ်လှပတယ် ၊ ချစ်ရသူနဲ့အတူရှိတဲ့ အချိန်တိုင်းကပျော်စရာ အတိ ။

နွေးထွေးလှတဲ့ရင်ခွင်တစ်ခုရဲ့ ထွေးပွေ့ခြင်းခံထားရတာမလို့ ခန့်ဝေယံကို မနက်နိုးလာချိန်တိုင်းမှာ နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကြောင့် ကြည်ကြည်လင်လင်ပင် ။

"ကိုကိုနိုးပြီလား"

ခေါင်းအထက်နားဆီမှ ထွက်လာသော လေသံအေးအေးလေးကြောင့် သူမော့ကြည့်လျက်

"မိန်း စောနိုးနေတာလား"

"ကျွန်တော်လည်း အခုမှနိုးတာပါဗျာ"

စိုင်းခွန်မိန်း ချစ်ရသူရဲ့နဖူးလေးထက် အနမ်းဖွဖွပေးလျက် စကားဆိုတော့ ၊ အိပ်ရာထခါစကို အနမ်းခံလိုက်ရတာကြောင့် အနည်းငယ် စူပုတ်ပုတ်လေးဖြစ်သွားလျက် သူ့ရင်ခွင်ထဲမျက်နှာ ဖွက်လာသည် ။

"ဘာဖြစ်လို့လဲ"

"မျက်နှာမသစ်ရသေးဘူးလေ"

"အင်း အဒါဆိုသစ်ပြီးရင် ထပ်နမ်းမယ်"

"မဟုတ်ဘူးလေ ကိုယ်ပြောတာက"

ရန်စွာတော့မယ့်အသံလေးသည် စိုင်းခွန်မိန်းကခေါင်းလုံးလုံးလေးအားထပ်မွှေးလိုက်တာကြောင့် အသံတိတ်သွားသည် ။

"ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်တော်ကသဘောကျနေလို့ ဘယ်လိုလုပ်ရပါ့မလဲ"

"မင်း!"

"ချစ်လိုက်တာဗျာ"

"ဟာ"

"မျက်နှာမသစ်ရသေးလည်း သဘောကျတယ် ၊ မျက်နှာသစ်ပြီးလည်း သဘောကျတယ်"

"တော်တော့"

"မတော်ချင်ပါဘူး ပြောမှာပဲ"

"ထတော့ ကိုယ်ဗိုက်ဆာပြီ"

"ကျွန်တော် မျက်နှာသစ်ပေးရမလား"

ပိုတိုးဖက်ကာ လွတ်မပေးဘဲဆိုလာသည်ကြောင့် ခန့်ဝေယံကို ပြန်တွန်းဖယ်ကာ

"စ မနေတော့နဲ့ ထတော့"

"တကယ်သစ်ပေးချင်လို့ပါ"

"မိန်းရေ ထရအောင်လို့ဆို"

"မျက်နှာသစ်ပေးချင်လို့"

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now