Part - 14

13.3K 1.1K 68
                                    

အချစ်ကရူးသွပ်စေတယ်တဲ့
တစ်ဖက်သက်ချစ်ခြင်းမှာဆိုရင်တောင် လူတွေကရူးသွပ်နေကြတာ ၊ နှစ်ဦးနှစ်ဖက် ထပ်တူကျတဲ့နှလုံးသားတစ်စုံမျိုးနဲ့ ချစ်ခြင်းမှာဆို ပိုလို့တောင်ရူးသွပ်မိကြရော ။

ချစ်ရသူဆီက "ကိုယ်လည်းမင်းကိုချစ်တယ်ဆိုတဲ့"စကားက ဘယ်လောက်ထိတောင် သူ့အားရူးသွပ်စေလဲဆိုရင် နားထဲအထပ်ထပ်ပြန်ကြားရင်း ရင်ခုန်လွန်းပြီး စိုင်းခွန်မိန်းတစ်ယောက် တစ်ညလုံးနီးပါးအိပ်မပျော်တဲ့အထိပဲ ။

"အားးးး ရူးတော့မှာပဲဗျာ"

​မွေ့ယာကျယ်သလောက် လူးလိမ့်နေသည့်အပြင် လူနဲ့စောင်နဲ့ကလည်း လုံးထွေးနေလေပြီ ၊ ဒါလည်းသူကတော့ အသဲယားစွာအော်ဟစ်လို့ကောင်းဆဲ ။

ချစ်ရသူက မနေ့ညအဖြေပေးပြီးကထဲက သူ့ရင်ခွင်ထဲကနေ အရှက်သည်းစွာပင် ခေါင်းဖော်မလာတော့ ၊ အချိန်နောက်ကျနေတာကြောင့် ဆိုင်ကိုကားပြန်မယူတော့ပဲ သူကိုယ်တိုင် အိမ်ပြန်ပို့ပေးပေမယ့် လမ်းတစ်လျှောက်လုံး စကားတစ်ခွန်းမှဆိုမလာသည့်အပြင် အကြည့်ချင်းပင်မဆုံစေပဲ ရောက်တာနဲ့အိမ်ထဲပြေးဝင်သွားသည် ။

ကိုကိုရှက်တာလေးကြောင့် သူကတော့ရူးတော့မတတ်ပဲ ၊ တကယ်ပါ ကိုကို့ကိုချစ်တဲ့အချစ်တွေက နှလုံးသားတစ်ခုလုံး တားမရဆီးမရနဲ့ ပြည့်လျှံပြီး ပေါက်ကွဲထွက်တော့မယ့်အတိုင်းခံစား​နေရသည် ။

တွေ့ချင်စိတ်ကထိန်းမရဖြစ်နေတာကြောင့် သူလှိမ့်ထားလို့ ရှုပ်ပွနေတဲ့အိပ်ရာထက် ဖုန်းလိုက်စမ်းကာ ဖွင့်ကြည့်လိုက်တော့ အချိန်က ၆နာရီကျော်ပဲရှိသေးသည် ။

"ကျစ် ဒါကပျက်နေတာလား"

သူ့ရဲ့ဖုန်းသာသက်ရှိဆိုရင် "ငါကမြန်မာနိုင်ငံမှာတောင်မရောက်သေးတဲ့ နောက်ဆုံးပေါ်versionဟ" လို့ပြန်ပြောမည်ထင်သည် ။

အိပ်ရာထက် လူးလှိမ့်နေရာမှ ထကာ ရေချိုးပြင်ဆင်တော့လည်း အူမြူးကာမြောက်ကြွမြောက်ကြွဖြစ်နေသည် ။

စိုင်းခွန်မိန်းတို့ ဆေးမမှီတော့ပါ။

တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့်က. အဝတ်လဲခန်းတစ်ခုလုံးရှုပ်ပွပြီးချိန်မှာတော့ စိုင်းခွန်မိန်းစိတ်ကြိုက်ပြင်ဆင်ခြင်းပြီးဆုံးသွားသည် ။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now