Part - 5

15.4K 1.4K 44
                                    

မောဟိုက်နေသောအသံချိုချိုလေးက စိုင်းခွန်မိန်း၏နောက်မှထွက်လာသည် ။

"ကိုခန့်ဝေယံကို!"

ဖြိုးထက်အောင်နဲ့အဂ္ဂပိုင်ပြိုင်တူရေရွတ်လိုက်မိသည် ။

ခန့်ဝေယံကိုကတော့ အဒါကိုမကြားနိုင်သေး ၊ သူ့အားကျောပေးထားသလိုဖြစ်တဲ့ စိုင်းခွန်မိန်းလက်မောင်းအားဆွဲကာ သူ့ဘက်လှည့်စေလိုက်ပြီး

"မင်းလို့ ငါထင်လိုက်တာမှန်တာပဲ"

ထို M9 clubက မကြာသေးခင်က သွင်မင်းဖွင့်လိုက်သော clubဖြစ်ပြီး ၊ ဒီနေ့သွင်မင်းမွေးနေ့ဖြစ်တာကြောင့် သူရော ၊ မြတ်နိုးရော ရောက်နေကြခြင်းဖြစ်သည် ။

clubတည်ဆောက်ပုံက အောက်ထပ်မှာdancing floorဖြစ်ကာ အပေါ်မှာ barသီးသန့်အေးဆေးထိုင်လို့ရသည် ။

ခန့်ဝေယံကိုတို့ရောက်နေတာ သွင်မင်းရဲ့ရုံးခန်းနေရာဖြစ်ပြီး ထိုင်နေရင်းမှ စိုင်းခွန်မိန်းဖုန်းခေါ်မည်ကိုသတိရကာ ပြတင်းပေါက်နားသွားပြီးဖုန်းကြည့်မလို့ပြင်လိုက်ရာမှ ၊ miss call 3ခုနဲ့အတူ အောက်ဘက်လမ်းနေရာမှာ ရန်ဖြစ်နေသောလူတစ်စုကိုမြင်လိုက်ခြင်း ။

မြင်နေကျပုံစံလေးကြောင့် ဟုတ်နေမလားဆိုပြီး ခန့်ဝေယံကိုချက်ချင်းပြေးဆင်းလာမိတာ ၊ ထင်လိုက်သည့်အတိုင်း စိုင်းခွန်မိန်းဖြစ်နေသည် ။

သွေးအထပ်ထပ်နဲ့ပေါက်ပြဲနေတဲ့နှုတ်ခမ်းရယ် ၊ ညာဘက်လက်ဖနောင့်နေရာမှ ရှရာတစ်ခုက အဆက်မပြတ်စီးကျနေတဲ့သွေးစတွေရယ် ။

ဒီကောင်လေးဟာလေ ။

"ကျစ် "

"ကိုကို!"

ခန့်ဝေယံကိုစိတ်မကြည်စွာ "ကျစ်"သပ်လိုက်တာကို စိုင်းခွန်မိန်းထအော်တော့သည် ။

ကိုကိုကဝမ်းနည်းအောင်လုပ်တယ် ။

"ဘာကိုကိုလဲ မင်းကိုယ်မင်းလည်းပြန်ကြည့်ဦးရစရာမရှိဘူး ၊ တစ်ရက်လေးမမြင်လိုက်ရတာ ဒဏ်ရာဗလပွဖြစ်နေပြီ အဒီလောက်ဆိုးရလား ဟမ် ရန်ဖြစ်ရတာကိုကြိုက်တာလား"

အဂ္ဂပိုင်မှာတော့ အံ့သြလွန်းလို့ကြောင်ကြည့်နေရတုန်း ၊ အဒီလိုဒဏ်ရာဗလပွဖြစ်အောင်က အစောကတင် သူ့ဘာသူလုပ်လိုက်တာမလား ။

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now