Part - 29

9.9K 888 21
                                    

ကြယ်တွေစုံနေတဲ့ကောင်းကင်ကြီးနဲ့ လခြမ်းကွေးလေးက လိုက်ဖက်ညီစွာ လှပေမယ့် ထိုအချင်းအရာကိုငေးကြည့်နေသော ခန့်ဝေယံကိုရဲ့ မျက်လုံးထဲမှာတော့ စိတ်ရှုပ်မှုတွေကြီးစိုးနေသည် ။

ကုမ္ပဏီကအပြန် ဆိုင်ဝင်ကာ ဆိုင်ပိတ်သည့်အချိန်ထိ နှစ်ယောက်အတူရှိနေကြပြီး အိမ်ကိုပါအတူပြန်ပို့ပေးခဲ့ပေမယ့် "ညကျရင် ကျွန်တော်ချိန်းပွဲရှိတယ်ကိုကို" လို့ ပြောသွားသည်ကြောင့် စိုးရိမ်နေမိသည်။

သူတားလိုက်ရင် စိုင်းခွန်မိန်းကသေချာပေါက် ဖျက်မှာ သိပေမယ့် ဝါသနာကိုမတားဆီးရက် သို့သော် တစ်စုံတစ်ခု ထိခိုက်မိမှာစိုးရိမ်နေသည့်စိတ်က ထိုင်မရ ထမရ နေရခက်နေလေသည် ။

ဝရံတာဘက်ထွက်ရပ်နေရင်း လက်ထဲမှာ ဖုန်းအားကိုင်ထားပေမယ့် ဆက်လိုက်သင့် မဆက်လိုက်သင့် စိတ်တို့ကလွန်ဆွဲနေရသည် ။ ဆိုင်ကယ်စီးနေတုန်းခေါ်လိုက်မိလို့ မဖြစ်ပေ ။

တစ်ဖက်တွင်တော့

ပြေးလမ်းတစ်လျောက် အရှိန်ပြင်းပြင်းနဲ့စီးနှင်နေကြသော ဆိုင်ကယ်တွေက အနားကဖြတ်သွားတဲ့အခါ ဝှီးခနဲအသံတစ်ချက် သာ ကြားရသည်အထိ ။

ရှေ့ဆုံးမှဦးဆောင်ပြေးနေသော YAMAHA အနက်ရောင်ဆိုင်ကယ်လေးဘေးသို့ နက်ပြာရောင်ဆိုင်ကယ်တစ်စီးက တမင်တကာ အတင်းလိုက်ကပ်နေသည် ။

မနိုင်မှန်းသိရက်နဲ့ ဇွတ်လိုက်ကပ်ပြိုင်နေတဲ့သူကြောင့် စိုင်းခွန်မိန်းစိတ်ထဲ အချဥ်ပေါက်လာရသည် ။ ပေါ်တင်မရှင်းရဲဘဲ ခိုးကြောင်ခိုးဝှက် လုပ်နေတဲ့ အထာနဲ့ ထိုကောင်က သူနဲ့ပြိုင်ချင်သတဲ့ ။

ဒါသည် second round ပွဲစဥ်ဖြစ်​ပြီး ထိုသူက first roundမှာလည်း မန်းနီးတွေပလုံထားတာကြောင့် အခုပွဲစဥ်မှာ အတင်းနိုင်ချင်နေတာထက် စိုင်းခွန်မိန်းကိုလည်း ထိခိုက်စေချင်တဲ့ပုံ။

စိုင်းခွန်မိန်းကတော့ သူ့အားနည်းနည်းမှပင်အဖက်မလုပ်၊ ထိုသူဘယ်လိုပဲကြိုးစားပါစေ second round မှာလည်း စိုင်းခွန်မိန်းပင်နိုင်သွားပြန်သည်။

နားနေတဲ့နေရာမှာ ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေသော စိုင်းခွန်မိန်းအား အဂ္ဂပိုင်က

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now