Part - 38

10.9K 856 65
                                    

You Are The Reason သီချင်းသံလေးက အခန်းထဲ ပျံ့လွင့်နေပြီး ရေချိုးခန်းအသုံးပြုနေသည်ကြောင့် ဒီအခန်းထဲမှာ မရတာကြာပြီဖြစ်တဲ့ ဆပ်ပြာနံ့သင်းသင်းလေးကလည်းပျံ့သည်။

ရေချိုးခန်းထဲကနေ ရေချိုးပြီး အဝတ်စားအပြည့်အစုံဝတ်ကာ ခေါင်းပေါ်တပတ်တစ်ထည်တင်လျက်သား ထွက်လာတဲ့သူက ကုတင်ထက် မျက်နှာစူပုတ်ပုတ်ဖြင့် တင်ပျဥ်ခွေထိုင်နေသော ကောင်လေးအားကြည့်အား ရယ်ချင်စိတ်ကိုထိန်းချုပ်လိုက်ရသည်။

ဒါက သူ့ကို ဒါလင်လို့ထပ်မခေါ်ပေးလို့ ကောက်နေတဲ့ရုပ်။

မသိဘူးဆိုပြီး အတိတ်မေ့ချင်ယောင်ဆောင်နေတာကလည်း တစ်ပြားမှမလျော့ပေးသလို ဒါလင်လို့ထပ်မခေါ်ပေးတာကိုလည်း အခုထိဂျီကျပြီး ကောက်ပြနေတုန်း။

"အဟမ်း! ၈နာရီထိုးပြီနော် အိမ်မပြန်သေးဘူးလား"

ခန့်ဝေယံကိုက စာပွဲခုံထက်က နာရီီကိုကြည့်ကာ ပြုံးစိစိဖြင့် စလိုက်တော့ စိုင်းခွန်မိန်းမျက်နှာကပိုမှောင်ကုတ်သွားသည်။

"ဘာကိစ္စပြန်ရမှာလဲ နေတော့ဘာဖြစ်လဲ ဒီညဒီမှာအိပ်မှာ"

"အော် အင်းပါ မင်းအိပ်ချင်ရင် ဧည့်သည်အိပ်ခန်းရှင်းပေးမယ် ခဏစောင့်"

"ဒီမှာပဲ အိပ်မှာ!"

"ဒီမှာ ကိုယ့်အခန်းမှာလား အယ် မဖြစ်ဘူးနော် ကိုယ်ကတော့ ကိုယ့်ကိုမသိဘူးလို့ ပြောထားတဲ့သူတစ်ယောက်နဲ့ အတူမအိပ်နိုင်ပါဘူး"

ခန့်ဝေယံကိုက ရုပ်တည်ကြီးနဲ့ပြောလေ စိုင်းခွန်မိန်းမျက်နှာက ပို ပိုပြီး မှုန်သုန်လာလေဖြစ်နေသည်။

ပြန်တွေ့ကထဲက ထိတွေ့ခြင်းမပြုရသေးတဲ့ နှုတ်ခမ်းလေးက သူမကျေနပ်စေတဲ့ စကားတွေကြည့်ပြောနေတာကြောင့် စိုင်းခွန်မိန်း စိတ်ပေါက်လာရသည်။

သူစိတ်ဆိုးနေတယ်လေ 8လကြီးများတောင် ခွဲထားရတာကို ဖက်ရုံလေးပဲလား။ တကယ်ကြီး လာမနမ်းဘူးလား။

"ကိုယ့်ကိုစိတ်ကောက်ပြေသွားပြီလား"

"စိတ်ကောက်တာမဟုတ်ဘူး စိတ်ဆိုးတာ ရက်နဲ့ကြာမှာ"

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now