Part - 35

9.6K 822 27
                                    

"Happy Birthday မိန်း"

ကိတ်လေးကိုင်လျက် သူ့အား ရယ်ပြနေသော ချစ်ရသူကြောင့် စိုင်းခွန်မိန်းမှာ သူပြောမယ့်စကားများပျောက်သွားရသည်။

"ကိုကို!"

တစ်နေကုန် တစ်ယောက်ထဲ ကျိတ်ခံစားနေရတဲ့ ခံစားချက်မှုက အခုအချိန်မှာ ပျော်သလို ငိုချင်သလို ရင်ထဲဆို့တက်လာပြီး မလှုပ်မယှက်တောင့်တောင့်ကြီး ရပ်နေမိသည်အထိ။

"မိန်း"

ခန့်ဝေယံကိုက ခေါ်လိုက်တော့ စိုင်းခွန်မိန်းက သူ့လက်နှစ်ဖက်အား ဖြန့်ကားလိုက်ပြီး

"လာ"

"ဟင်"

"ကျွန်တော့်ဆီလာ"

မျက်နှာမကောင်းသလိုရှိနေတဲ့ စိုင်းခွန်မိန်းကြောင့် ခန့်ဝေယံကိုက လက်ထဲက ကိတ်အားစားပွဲပေါ်တင်လျက် သူ့ရဲ့ပီကေလိုခွေးပေါက်လေးရဲ့ အလိုကျ ဆီးကြိုနေသော ရင်ခွင်ကျယ်ထဲ ပြေးဝင်လိုက်သည်။

ထိုအခါမှ တင်းကျပ်စွာပွေ့ဖက်လာလျက်

"ကျွန်တော်က ကိုကိုပစ်ထားတယ်ဆိုပြီး တစ်နေကုန် ဝမ်းနည်းနေတာ"

ဒီစကားက သူ့ cool guy imageနဲ့ သိပ်မကိုက်ညီတာသိပေမယ့် စိုင်းခွန်မိန်း ဟန်မဆောင်နိုင်ပြောလိုက်မိသည်။ ဒီလူသားနဲ့တွေ့မှ သူ့ cool guy imageဆိုတာလည်း ဘယ်ဆီရောက်မှန်းမသိ ဖြစ်ရတာ ခဏခဏ။

"ကိုယ်က မိန်းကို suprise လုပ်ချင်လို့လေ ကိုယ့်မှာတစ်နေကုန် ကြိုးစားထားရတာ၊ နောက်ထပ် suprise တွေလည်း ရှိသေးတယ်"

"တစ်နေကုန် ကျွန်တော် ဘယ်လောက်တောင် လွမ်းနေတယ်ထင်လဲ"

"အများကြီး"

"သိရက်သားနဲ့ ဖုန်းလေးတစ်ကောတောင် ပြန်မဖြေတာတော့ လွန်တယ်မထင်ဘူးလားကိုကို"

"suprise လုပ်ပေးချင်လို့လေ"

"လူကရူးအောင်လို့ လုပ်တာကျတော့ရော"

"အဲ့ဒါလည်း supriseပဲလေ၊ လာ ကိတ်ခွဲရအောင်"

ခန့်ဝေယံကိုက လက်ဆွဲခေါ်ကာ ဆိုဖာခုံထက် ထိုင်စေလျက် သူပါဘေးမှာဝင်ထိုင်ကာ

🏍 Crushကို ဒီလိုလိုက်မယ် ☕ (Completed)Where stories live. Discover now