part(3)

12.6K 1.3K 28
                                    

Unicode

လင်းသန့်ကြည်

မိုးတစွေစွေအောက်မှာ ပြန်လာခဲ့ရတာ တစ်ယောက်ထဲရယ်။
ထင်တာထက်ပိုမှောင်နေတဲ့ ညကြောင့် အပြင်ရောက်တာနဲ့ခပ်သုတ်သုတ်လျှောက်မိသည်။ လမ်းမပေါ်ရောက်ဖို့ လမ်းသွယ်လေးနှစ်ဖြတ် လျှောက်ရသည်။ လမ်းသွယ်လေးထဲမှာဆေးခန်းကဖွင့်ထားတာ။
လမ်းသွယ်လေးထဲမှာ အိမ်လေးတွေခပ်စိပ်စိပ်ရှိတာမို့
သိပ်မသိသာပေမဲ့ လမ်းမပေါ်တက်လိုက်တာနဲ့ လူကရှင်းနေတော့တာ။ မှတ်တိုင်ထိလမ်းလျှောက်ရအုံးမယ်။

ချော်လဲတဲ့ ကလေးကို ဆေးထည့်ပေး ဆေးစည်းပေးပြီး သိမ်းရဆည်းရသေးသည်လေ။ နေတာက ကိုယ်တာဝန်ကျရာဒီမြို့မှာမဟုတ်။ ဝတ်ရည်တို့အိမ်မှာ နေတာမို့ လိုင်းကားတိုးစီးပြီးပြန်ရမှာ။ ခုတော့ မှတ်တိုင်ရှိရာတစ်ယောက်ထဲလျှောက်ကာ ရှေ့ကိုသာကြည့်ရင်း....နောက်ကိုပြန်မှလှည့်မကြည့်ရဲ။ အသားကုန်လျှောက်နေမိသည်။မသိဘူး မှောင်နေတဲ့မိုးဖွဲဖွဲအောက်မှာ ကြောက်စိတ်ကဝင်လာသည်။ ဆင်ခြေဖုံးမြို့တွေရဲ့ထုံးစံ ဒုစရိုက်မှုကများကများနဲ့။တော်ကြာ လူရိုက်ပြီးပါတာလုမှ အခက်။

တစ်ချက် တစ်ချက် ဘေးကနေဖြတ်သွားတဲ့ကားတွေ ရဲ့မီးရောင်က လင်းလာလိုက် ဝေးသွားလိုက်နဲ့။
ဒီနေ့မှ လမ်းက ပိုဝေးသလိုပဲ။ ဝတ်ရည်မ မပါတဲ့နေ့ကျမှပဲ ငါ့နှယ်....တကယ်ပါပဲ။
ဖုန်းက အားကုန်သွားတော့ အိမ်ကိုလဲ ဖုန်းဆက်မထားရသေး။ စိတ်တွေပူနေကြတော့မှာ။

တစ်မိသားစုလုံး ဝတ်ရည်ကိုမပူပန်ကြ....လင်းသန့်ကြည်ကိုတော့ ရေချိုးကြာနေရင်တောင် ရေချိုးခန်းဝထိလာစောင့်ပြီး အော်တတ်သည့် မိသားစုများ။ ဝတ်ရည်နဲ့ဆေးကျောင်းမှာခင်ခဲ့ပြီး နောက်ပိုင်း ဝတ်ရည်မိသားစုဝင်တွေနဲ့ပါ ကိုယ့်မိသားစုသဖွယ်ဖြစ်ခဲ့ရသည်။

လင်းသန့်ကြည်က နယ်မြို့က လာတက်ရတာ။ ဝတ်ရည်က ရန်ကုန်သူ။ ဆေးကျောင်းမှာ မအူမလည်ဖြစ်နေတဲ့ အာကာနဲ့လင်းသန့်ကြည် ကို စတွေ့ကတည်းကပွင့်လင်းရိုးသားစွာ ဆက်ဆံပေါင်းသင်းပေးတဲ့သူငယ်ချင်းမ။ ဝတ်ရည်ကို မိန်းကလေးလို့တောင်မမြင်မိ မတွေးမိတဲ့အထိ ရင်ဘတ်နဲ့ပေါင်းသင်းရတဲ့ သူငယ်ချင်းမဖြစ်တယ်။အာကာဆိုတဲ့ကောင် ဝတ်ရည်ကို ကြိုက်ရဲ ချစ်ရဲတာကိုတော့ လင်းသန့်ကြည်ခုထိနားမလည်နိုင်သေး။ ထားပါလေ...သူဖြစ်သူခံပေါ့...နော့။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now