Unicode
ရင်ထဲကလာတာ.....
စားပြီးတာနဲ့ လင်းသန့်ကြည် ဘဂျမ်းဆီကိုသွားသည်။
တစ်ချက်ကြည့်ပြီးမှ နားတော့မည်။
စားလို့လဲ ပြီးပြီ....ဆေးကလဲသောက်ထားရတော့ တရေးလောက်အိပ်ပျော်အောင်အိပ်ချင်မိသည်။
နောက်ဆံငင်စရာအကြောင်းကအရေးပေါ်ထဲတွင်ရှိနေတာကြောင့် ကျောကနာနေပေမဲ့...ဖြေးဖြေးလျှောက်လာလိုက်သည်။ဘဂျမ်း စားပြီးတော့ ကုတင်ပေါ်မှာတောင် လှဲမနေ။
ငုတ်တုတ်လေးထိုင်ကာ သုံးထပ်ဆောင်နဲ့ အရေးပေါ်ကြားက လမ်းထောင့်ချိုးလေးကို ကြည့်နေမိသည်။
အဲ့နားကနေ သူလာမှာ....
ဟော....ထွက်လာပါပြီ...တရွေ့ရွေ့နဲ့...
လက်တစ်ဖက်က ခါးလေးထောက်လို့...
အရမ်းများ နာနေလို့လား ဆရာရယ်...
လမ်းကို ပုံမှန်အတိုင်းမလျှာက်နိုင်သည့်ပုံလေးနဲ့...
နားနောတော့လား ဆရာရယ်....
ကျွန်တော် ဒီနေရာမှာပဲ ညနေထိစောင့်မှာပေါ့....
ကျွန်တော် ကြောင့်ဖြစ်ရပြန်ပြီ....ကျွန်တော့်ကြောင့် ....ကျွန်တော့်ကြောင့်...
အတွေးပေါင်းစုံဖြင့် ဘဂျမ်းကုတင်ပေါ်ကဆင်းဖို့လုပ်သည်။လင်းသန့်ကြည် သူ့ကို တမျှော်မျှော်ငေးနေတဲ့ ဘဂျမ်းကိုမြင်သည်။
မျက်တောင်မခတ်တမ်းကြည့်နေတာကိုလဲမြင်သည်။
ကုတင်ပေါ်က ဆင်းမယ်လုပ်နေလို့ လက်ကာပြပြီး မဆင်းဖို့ပြောရသည်။
လှမ်းအော်လို့တော့မဖြစ်...ကျန်တဲ့လူနာတွေ ရှိသေးသည်။"ဆရာ....အရမ်းနာနေလား ဆရာ"
အနားကို လင်းသန့်ကြည်ရောက်တာနဲ့ တုန်ရီနေတဲ့အသံနဲ့ ဘဂျမ်းအလောတကြီးမေးတော့သည်။
"နာတော့နာတာပေါ့ ဘဂျမ်းရဲ့...ဆေးလိမ်းထားတယ်...ဆေးသောက်ထားတယ်လေ..ခု နေ့လည်စာ စားပြီးလို့ နားရင်းအိပ်ပျော်သွားမှာ...မအိပ်ခင် ဘဂျမ်းကိုလာကြည့်တာ.....ဆေးသောက်ပြီးပြီလား"
"ဟုတ်....သောက်ပြီးပြီ"
"ဒါဆို...ဘဂျမ်းလဲနားတော့....ကျွန်တော် ပြန်ဆိုမှပြန်နော်..အဲ့ဒါလာပြောတာ"
အငေးသားကြည့်နေတဲ့ ဘဂျမ်း....
ဘဂျမ်းအကြည့်ကို လင်းသန့်ကြည်သိသည်။
သူ့ကြောင့်ဖြစ်ရသည်မို့ အားနာနေတာ သနားနေတာ
သူ့ဒဏ်ရာတွေက ဖူးယောင်နေတာတောင်မှ....
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....