part(14)

8.9K 1K 26
                                    

ရပ်တန့်လို့မရသော ကိုယ်စီခံစားချက်များမှာ....

ညနေဆေးခန်းထိုင်တော့ ဝတ်ရည်ရော လင်းသန့်ပါမနားရ။ ရာသီအကူးအပြောင်းမို့ အဖျား အနာကရှိသည်။ ကလေးရော လူကြီးပါ ဒီနေ့ဆေးခန်းလာပြကြသည်။

ဒီဆေးခန်းလေးဖွင့်တာ နှစ်လမပြည့်သေးပေမဲ့....စေတနာထားပြီး ကုပေးတော့ တစ်ဆင့်စကား တစ်ဆင့်နားပေါ့......ဂုဏ်သတင်းမွှေးသည်လေ။
လင်းသန့်ကြည်တို့ သူငယ်ချင်းသုံးယောက် ဆေးခန်းစဖွင့်တော့ စိတ်တူကိုယ်တူဆုံးဖြတ်ထားတာရှိသည်။ ကိုယ်တွေ တာဝန်ကျသည်က မြို့စွန်အခြေခံလူတန်းစားအများစု နေထိုင်ရာနေရာ။ ဆေးခန်းဖွင့်တော့လဲ ဒီအခြေခံလူတန်းစားများရဲ့ အိမ်လေးတွေကြားမှာဖြစ်သည်။ ဒါကြောင့် ကုသမှုပေးရာတွင်အကောင်းဆုံးပေးကြမည်။ ကုသစရိတ်ကိုတော့ ဆေးဖိုး အခန်းခ နှင့်ဝန်ထမ်းစရိတ်သာသာပဲတောင်းမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
မိမိတို့က အရမ်းကြီးချမ်းသာနေကြသည်တော့မဟုတ်ပေမဲ့ အရမ်းလဲ ချို့တဲ့မနေသူများဖြစ်သည်လေ။ ကြီးကျယ်ခန်းနားစွာ လှူမှ တန်းမှ မဟုတ်ပါဘူး။ ရောက်ရာနေရာမှာ လုပ်သည့်အလုပ်ကိုစေတနာထားပြီးလုပ်ရင် ကုသိုလ်ရသည်ပဲ။
နဂိုကတည်းက လင်းသန့်ကြည်တို့ အသက်မွေးဝမ်းကြောင်းမှုက တန်ဖိုးရှိပြီး ကုသိုလ်ရသည့်အလုပ်ပဲ။
စိတ်ကလေး ထားတတ်အောင် ထားပြီး နေထိုင်သွားရုံနဲ့ ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်ရော အေးချမ်းပြီးစိတ်ချမ်းသာကြရမည်။

လောကကြီးတွင် ငွေသည် ဒုတိယဘုရားသခင် မှန်သော်​ငြား ငွေကိုမြင်ပြီး မက်​ပြီးမှ အလုပ်မလုပ်ရင် ပိုပြီးစိတ်ချမ်းသာကြရသည်မှာ လက်တွေ့ပါပဲ။
ငွေရှိရင် အရာရာပြည့်စုံသည်ဟု ထင်မှတ်မှားတတ်ကြသော်လည်း ငွေကိုသည်းကြီးမည်းကြီးရှာတော့လဲ ပင်ပန်းရသည်လေ။

လင်းသန့်ကြည်နှင့် အာကာက ဝတ်ရည်လောက်တော့မချမ်းသာပါ။ ဒါပေမဲ့ လင်းသန့်ကြည်ကို ဝတ်ရည်တို့အိမ်က သားသဖွယ်ထားသည်ပဲ။ ငွေကုန်ကြေးကြ မရှိပါ။ လင်းသန့်ကြည် နယ်က အမေနဲ့အဖွားကိုပင် ငွေလတိုင်းပို့နိုင်သည်။ အမေနဲ့အဖွားကလဲ လင်းသန့်ကြည်ပိုက်ဆံကို မျှော်ပြီးသုံးစရာမလိုပါ။ လင်းသန့်ကြည်တို့အိမ်က အကျယ်ကြီးရယ်။ အိမ်က တက္ကသိုလ်နှင့်နီးသည်ကြောင့် အဆောင်ကျောင်းသားတွေ ထားသည်။ ထမင်းပါကျွေးသည်။ အိမ်မှာ ချက် ပြုတ် ကူဖို့ လူငှားနှစ်ယောက်ရှိသည်။ အမေကစီစဥ်ပေးပေါ့။
ဒီဝင်ငွေနဲ့ပဲ လင်းသန့်ကြည်ကို ဆရာဝန်ဖြစ်သည်အထိ ကျောင်းထားပေးခဲ့တာပဲ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now