part(59)

6.9K 728 45
                                    

ပုံမှန်မဟုတ်သော ကြင်နာမှုများ...

ဝတ်ရည်ကိုပြောပြဖို့စကားစရှာမရ။
ငိုပြီး ထိခိုက်နာကျင်နေတဲ့ ဝတ်ရည်ကိုလဲ ဘယ်လိုမှမချော့တတ်။

ဝတ်ရည်က လင်းသန့်ကြည်အပေါ်မှာ တကယ်မောင်နှစ်မအရင်းအချာလိုသဘောထားတာ။ မောင်ငယ်လေးကိုဂရုစိုက်သလို အရိပ်ကြည့်ပြီးဖြည့်စည်းပေးခဲ့တာတွေအများကြီး။
လင်းသန့်ကြည်အပေါ်မှာထားတဲ့ လောဘလဲ ကြီးသည်လို့ပဲပြောရမည်။
ဒါအတွက် ဝတ်ရည်ကိုအပြစ်မပြောလို...ပြောလို့လဲမဖြစ်ပါ။
ဝတ်ရည်က တစ်ဦးတည်းသောသမီးဖြစ်သလို လင်းသန့်ကြည်က တစ်ဦးတည်းသောသား...နှစ်ယောက်လုံးအဖော်မင်ကြတာခြင်းတူပေမဲ့ လင်းသန့်ကြည်နဲ့ပတ်သက်ရင် ဝတ်ရည်ကအကုန်ညှာတတ်သူ။
ဝတ်ရည်က လင်းသန့်ကြည်ကို အဖြူစင်ဆုံးအချစ်နဲ့အသန့်ရှင်းဆုံးချစ်နိုင်သူ။
သူထင်မှတ်မထားတဲ့ကိစ္စတစ်ခုကို ရုတ်တရက်သိလိုက်ရချိန်မှာ သူ့စိတ်ခံစားချက်အတိုင်း တုံ့ပြန်တာကို လုံးဝအပြစ်ပြောလို့မရပါ။

"ငါ...ပြောပြပါ့မယ်...ဝတ်ရည်ရယ်...မငိုပါနဲ့တော့"

ဝတ်ရည်ကိုမငိုပါနဲ့လို့ ပြောလိုက်ပေမဲ့ လင်းသန့်ကြည်မျက်ရည်တွေထိန်းမရခဲ့။

"မပြောနဲ့အုံး...နင် ငါ့ကို တောင်းပန်တာမျိုး ရှင်းပြတာမျိုး ဒီချိန်မှာ ငါမကြားနိုင်သေးဘူး...နောက်နေ့မှ...နင်နဲ့ငါ...နောက်နေ့မှပြောကြမယ်...ငါ...ငါလေ...နင့်ကို...ဘယ်လောက်ချစ်လဲ နင်သိလား... လင်းသန့်"

"သိပါတယ်....ငါသိပါတယ်...ဝတ်ရည်ရယ်...ဒါ...ဒါပေမဲ့..."

"ဒီကိစ္စကို လူကြီးတွေမသိခင် နင်နဲ့ငါရှင်းရမယ် လင်းသန့်...ဒီတိုင်းတော့ ငါကျော်သွားမပေးနိုင်ဘူး...ပြီးတော့ ဒီကိစ္စ ငါ ကိုကိုကို့မပြောသေးဘူး...နင်နဲ့စကားပြောပြီးမှပြောမယ်"

လင်းသန့်ကြည် ဝတ်ရည်ကို အလန့်တကြားကြည့်မိသည်။
ဒီလို ပြောပုံမျိုးအရဆိုရင် ဝတ်ရည်ပြောမဲ့စကားသည် သူ့ဘက်ပါလာစရာအကြောင်းမရှိတော့။

"ငါ...ငါ..တောင်းပန်ပါတယ်...ဝတ်ရည်...ငါပဲရှင်းပြပါရစေ...လူကြီးတွေသိလို့မဖြစ်သေးဘူး...အသိပေးရမဲ့အချိန်ငါကိုယ်တိုင်အသိပေးမှာပါ...ခုက...ခုက ငါတို့မှာအဆင်သင့်မဖြစ်သေးလို့ပါ..ဝတ်ရည် ငါတောင်းပန်ပါတယ်"

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now