လင်းသန့်ကြည် ရေချိုးပြီး အပြင်ကိုပြန်ထွက်လာတော့ ဘဂျမ်းကုတင်ဆီအကြည့်က အလိုလိုရောက်သည်။ ဘဂျမ်းမရှိတော့ပါ။
တာဝန်ကျသူနာပြုကိုမေးရသေးသည်။
ဆေးရုံဆင်းတဲ့ကိစ္စတွေ လိုအပ်တာအကုန်လုပ်သွားရဲ့လား....ဆေးရော ယူသွားရဲ့လား.....ဆေးသောက်ဖို့ရော သေချာမှာလိုက်ရဲ့လား... လို့လေ။အချိန်တော့ခဏရသေးသည်။ မနက်စာအရင်စားလိုက်မှဖြစ်မည်။ ဝတ်ရည်မဆီကိုဖုန်းဆက်ကြည့်အုံးမယ်။ သူလဲ ဒီနေ့ မနက်စောစော ဆေးရုံလာရမယ်လေ။ အိမ်က မနက်စာထည့်ပေးချင်ပေးလိုက်မှာဆိုတော့ ဖုန်းဆက်ကြည့်ရမည်။ သူမစားရသေးရင်လဲ တူတူစားလို့ရအောင်လေ။
အတွေးနဲ့ပဲ ဖုန်းကိုဆက်ရင်း အပြင်ထွက်လာလိုက်သည်။ ဆေးရုံကန်တင်းက အရေးပေါ်နဲ့နီးသည်။
ဖုန်းေခါ်ပေမဲ့ဝတ်ရည်မက ဖုန်းမကိုင်သေး။ နောက်တစ်ကြိမ်ထပ်ခေါ်ကြည့်သည်။ဖြန်းကနဲ နောက်ကျောကို ရိုက်သံနှင့်အတူ....ရောက်လာသော ဝတ်ရည်မ....
"နင့် မမကရောက်နေပြီ....ဘာကိစ္စရှိလို့ အသည်းအသန်လဲ....ဟင်"
"နာလိုက်တာဟာ.....သရဲလိုပဲ....အိမ်ကဘာထည့်ပေးလိုက်သေးလဲလို့မေးမလို့...ကျွတ်စ် ကျွတ်စ်"
ရိုက်ခံလိုက်ရသည့် ပုခုံးလေးကိုပွတ်ရင်း လင်းသန့်ကြည် နှုတ်ခမ်းကိုတစ်တောင်လောက် ဆူကာ ပွကာဖြင့်...
"ဘာမှထည့်မပေးလိုက်ဘူး...မေမေ သွေးတိုးနေလို့ မနက်စောစောမထနိုင်ဘူး"
"ဟယ်....ခုရော...အဆင်ပြေရဲ့လား....နင် ဘာလုပ်ပေးခဲ့လဲ....သေချာလုပ်ပေးခဲ့ရဲ့လား"
"သူ့သားပြန်လာမှ ကုမယ်တယ်ဟေ့.....တကတည်း....ဖြစ်နေလိုက်တာ...လာ....ဗိုက်ဆာနေပြီ...ငါ ဘာမှမစားခဲ့ရဘူး...ကားငှားလာရတာ....နင့်ပါပါးလိုက်မပို့ဘူး"
"ဟုတ်လား...ငါလဲ မနက်စာ စားမလို့ ထွက်လာတာ.....ဝါး.....တစ်ညလုံးမအိပ်ရသေးဘူး...ဂျူတီကဝင်ရတော့မယ်"
မျက်မှန်ေလးပင့်ကာ တဝါးဝါးသန်းဝေသည်။
"တစ်ညလုံး....ဟုတ်လား...နင်ညက ဘယ်သူ့အစားဝင်ပေးရတာလဲ...ဟုတ်ပါရဲ့.....ပန်ဒါမျက်လုံးနဲ့ဖြစ်နေတာပဲ.....လူနာလဲသိပ်မများပါဘူး"
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....