part(56)

8.7K 778 57
                                    

🍒🍒🍓🍓🍎🍎🍯🍯

Warning ပါ။
အသက်မပြည့်သေးသောသူများ...ဖတ်ရှုရန်မသင့်တော်ပါ။
အရေးအသား အသုံးအနှုန်းရိုင်းခဲ့သည်ရှိသော် နားလည်ပေးဖို့မျှော်လင့်ပါတယ်။
🍒🍒🍓🍓🍎🍎🍯🍯
.
.
.
.
မနက်ဆယ်နာရီခွဲလောက်ရောက်လာခဲ့တာ...ခဏနားပြီး...ပင်လယ်ထဲပြေးဆင်းသွားတာ ဆယ့်နှစ်နာရီထိုးတဲ့အထိ ပြန်တက်ဖို့တောင်းပန်တာ မရသေးဘူး။
ညနေရောက်မှ... ထပ်ပြီးဆင်းပါဆိုလဲပြောလို့မရဘူး။
ဆော့တာ...ဆော့တာ...မနိုင်ဘူး။
နီရဲနေတဲ့နှုတ်ခမ်းက ပြာချင်နေပြီ။
လှိုင်းတစ်လုံးနဲ့ကမ်းစပ်ပြန်ရောက်လာလိုက်....ပြေးပြီးပြန်ဆင်းသွားလိုက်နဲ့...လူလဲ ပြာပြာကော့နေပြီ။
ကိုယ်က အစကတည်းက ကော့ပြီးသား...အကြောင်းမဟုတ်ဘူး။ ဒင်းလေးက ခုမှ ကော့တာလေ။
နေကခေါင်းတည့်တည့်ရောက်နေပြီ...ပူတယ်။

.
.
.
ဆော့လို့ မဝသေးဘူးလို့တတွတ်တွတ်ပြောပြီးနောက်ကနေ ပါလာတယ်။

"ငယ်ထွေး..အရင်ရေချိုးလိုက်..."

"မောင်..အရင်ချိုးလိုက်..."

"ငယ်ထွေး..အရင် ချိုးစမ်းပါ"

"မောင်...အရင်ချိုးပါဆိုမှ..."

ပြောနေတာကြာတယ်။ ဘဂျမ်း ရေချိုးခန်းထဲဝင်ပြီးခပ်သွက်သွက်ချိုးလိုက်တယ်။
ရေချိုးခန်းဝမှာ မေးတဂတ်ဂတ်နဲ့ ငယ်ထွေးလေး..
ရေစိမ်တာကြာပြီလေ...

"အရင်ချိုးပါဆိုတော့လဲ မဟုတ်ဘူး...မြန်မြန်ချိုးနော်"

"မောင်သာ...အအေးမခံနိုင်တာ...မောင် ဖျားလို့မဖြစ်ဘူး"

ပြောပြီးလှစ်ဆိုဝင်သွားတယ်။
ရေချိုးပြီး ပြန်ထွက်လာတဲ့ ငယ်ထွေးလေး...
ဘဂျမ်း အသက်ရှုပါမှားသွားတယ်။
အရမ်းချစ်စရာကောင်းလွန်းလို့။
မျက်နှာကို ချက်ချင်းလွှဲရတယ်... ကြာကြာကြည့်နေရင် ဒုက္ခများတော့မှာ။
အသားကဖြူနုပြီးအိထွေးနေတာသိပါတယ်။
အကြိမ်ကြိမ်ထိတွေ့ဖူးခဲ့တာပဲ။
ရိုးရိုးသားသားပါ...လက်ကလေးတွေ...ပါးလေးတွေလေ။
ခုလို အပေါ်ပိုင်းအိကျီမပါတဲ့ ငယ်ထွေးကို တစ်ခါမှ မမြင်ဖူးဘူး။
ဝင်းအိနေတဲ့အတွင်းသားလေးတွေမှာ ရေစက်လေးတွေ တလဲ့လဲ့နဲ့...ရင်ဘတ်ပေါ်က ပန်းနုရောင်ချယ်ရီသီးလေး။
အေး...အဲ့ဒါ ဒုက္ခပေးတာပဲ။
လှလိုက်တာ...ငယ်ထွေးက လှလိုက်တာ။
ကြွက်သားအဖုအထစ်တွေနဲ့ကျစ်လစ်နေတဲ့ကိုယ်လုံးလဲမဟုတ်ဘူး... အဆီရှိတဲ့ဗိုက်သားလေးကတစ်တစ်လေး...ဒါပေမဲ့ ကိုက်စားချင်စရာပဲ။
အဆီလဲအများကြီးမရှိဘူး...မာကျစ်ကျစ်အသားလဲမဟုတ်ဘူး...ဒါ..ဘယ်လိုလေးလဲ။
အိတုန်နေတဲ့ ကျောက်ကျောလေးလား။
ဒါမှမဟုတ်...ဇွန်းခြစ်အုန်းသီးရဲ့ချိမြမြအိထွေးထွေးအသားလေးလား။
အူတွေအသည်းတွေက ယားရလွန်းလို့...ဝဲပါပေါက်ပြီလားမသိဘူး။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now