အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးခဲ့ပြီ။
ဘာလိုလိုနဲ့ပဲဒီနေရာသစ်မှာ မောင်နဲ့ငယ်ထွေး နေသားကျနေရပြီ။မေမေတို့ကို အပြီးပိုင်ခေါ်ထားချင်ပေမဲ့ တစ်ခါတစ်ရံအလည်အပတ်လာတတ်တာကလွဲလို့ ဗန်းမောက်ကို လိုက်နေဖို့ဆိုရင်တော့ ငြင်းတတ်ကြမြဲ။
ဆေးရုံဝန်းထဲကို မောင့်ကားမောင်းဝင်လာတာ တွေ့လိုက်သည်။ ခုပဲတာဝန်ချိန်ပြီးလို့ နားရသည်။ ခုပဲ လာခေါ်လေပြီ။
ကားတစ်စီးလုံး ကြေးနီရောင်ထနေသည်။
ဖုန်တွေချည်းပဲဖြစ်သည်။
မောင်စီးသည့်ကားက... Surf အမျိုးအစားဖြစ်သည်။ ထိုကားမျိုးပဲ စီးလို့ရသည်။ မှော်ထဲသွားနေရတာကြောင့် ကြွရွနေသည့်ကားကို စီးလို့မရပါ။
လင်းသန့်အတွက်တော့ မောင်က ကားတစ်စီးဝယ်ပေးထားတယ်။ ရန်ကုန်ပြန်ဆင်းရင်စီးဖို့နဲ့ ဆေးရုံသွားရင်စီးဖို့ပါတဲ့။
တကယ်က ဆေးရုံကို လင်းသန့်ကြည် လမ်းလျှောက်ပြီးပဲ သွားသည်။ ဝေးမှမဝေးတာ... ပြီးတော့ နည်းနည်းပါးပါး လမ်းလျှောက်အုံးမှ ဖြစ်မည်။ နယ်ဆေးရုံဆိုတော့ လူနာအရမ်းတော့မများပါ။ ဆေးရုံဆေးခန်းလဲ အလွန်ကြောက်ကြသူတွေ။
လင်းသန့်ကြည်က တစ်လတစ်ကြိမ်လောက်တော့ ပညာပေးဟောပြော လုပ်ပေးဖြစ်သည်။
ဒါက လူနာတွေအပေါ် ထားသောစေတနာလဲ ဖြစ်သလို... အဖွဲ့အစည်းမှာလုပ်ခဲ့သည့်အကျိုးကျေးဇူးများကြောင့်လဲ ဖြစ်သည်။
ဆေးရုံတက်သည့် အရွယ်စုံ လူစုံ အမျိုးမျိုးအဖုံဖုံသောကိစ္စများကိုလည်း စိတ်ရှည်ရှည်ဖြေရှင်းပေးရသည်။"ငယ်ထွေး...."
"အင်း...မောင်"
သူများတွေကြားမှာစိုးလို့ တိုးတိုးခေါ်ရသည်။
သူကတော့ ဂရုမစိုက်ပါ။
ခေါ်မြဲ ခေါ်ဆဲ...ငယ်ထွေးလို့ပဲ ခေါ်နေတာ။
ကိုယ်ကတော့ အလုပ်ထဲ မောင်လို့မခေါ်ချင်ပါ။
ဒါကို မောင်တော်ဘုရားက သဘောတော်မတွေ့ပါနော်။ တောင်းပန်ပြီး ရှင်းပြထားရသည်။ သိသာသိစေ မမြင်စေနဲ့ပေါ့။"ဂျူတီ ပြီးပြီလား"
"ပြီးပြီ...လေ"
"ပြန်ကြမယ်လေ..."
"ဘယ်လိုတွေဖြစ်နေတာလဲ လို့...အိမ်ကိုရော ရောက်ခဲ့ပြီလား"
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....