part(22)

8.1K 907 34
                                    

ကောင်းသော စိတ်ညစ်ရခြင်းလား.......

အိမ်ပြန်ရောက်တော့ ဘဂျမ်း အမေနဲ့ဖုန်းပြောရသည်။
အမေက ခဏပြန်လာခဲ့ဖို့ပြောတာကြောင့် ဘဂျမ်း ရွာကိုပြန်ဖို့အကြောင်းဖြစ်လာသည်။ အမေက သားဖြစ်သူကိုသတိရတာတစ်ကြောင်း နေမကောင်းအသည်းအသန်ဖြစ်ခဲ့တာ ဘာမှလုပ်မပေးရတော့ စိတ်မကောင်းတာတစ်ကြောင်းရယ်ပေါ့။ ဘဂျမ်းကိုသတိရတာလဲပါသည်လေ။

နောက်တစ်နေ့မနက် ဘဂျမ်းကို ကယ်ရီလာငှားတာကြောင့် ဟိုနေရာ ဒီနေရာ ရောက်ရသေးသည်။ လမ်းမှာတင် တားကြ ငှားကြတာကြောင့် ဂိတ်ကိုပင်မရောက်လိုက်ပါ။
ရွာကို ပြန်ဖို့ နောက်ဆုံးကားက နေ့လည် နှစ်နာရီမှာ....ဒါကြောင့် မနက်ပိုင်းရသလောက်အချိန်လေးမှာ ပိုက်ဆံပြေးရှာသည်။ မရှာရတာ နှစ်ရက်ရှိပြီလေ။
အမေ့အတွက်.... ရွာကလူကြီးသူမတွေအတွက် လက်ဆောင်လေးဘာလေးလဲ ဝယ်သွားချင်သည်။
နေ့လည်စာစားပြီး ဘဂျမ်း လက်ဆောင်ဝယ်ဖို့ထွက်လာခဲ့သည်။ ဝယ်နေကျဆိုင်က ဆေးရုံနားမှာ.... ဝယ်နေရင်း ဆေးရုံဘက် လှည့်ကြည့်မိသည်။

တကယ်က ဘဂျမ်း စိတ်မှာ စောင့်ရှောက်ရမည်ဟူသောအတွေးရှိနေတာကြောင့် ခုလို ခပ်လှမ်းလှမ်းကနေ တစေ့တစောင်းကြည့်ချင်သည်။ ခုက အမေ့ဆီပြန်ရအုံးမည်ဆိုတော့....ရက်အနည်းငယ်တော့ ထားခဲ့ရမည်။
ဘဂျမ်း ကိုယ့်အတွေးကိုယ်ပြုံးမိသား။ မသိရင် အတော်လေးရင်းနှီးနေသလိုလိုနဲ့...ငါတစ်ယောက်ဟာ...ဘာမှန်းမသိဘူး...သိပ်ခက်တာပဲလို့လဲ တစ်ဆက်ထဲတွေးမိသည်။
နှုတ်ဆက်ပြီးမှ ပြန်ရင်ကောင်းမလားလို့လဲ တွေးမိပြန်သည်။
ဒါပေမဲ့...ဘာမှ ဆက်စပ်မှုမရှိဘဲ ဝင်သွားလို့ကမကောင်းလေ။ ကဲ.....တွေ့ပါပြီတဲ့....ဘယ်လိုပြောမှာလဲ...စကားစဘယ်ကစမလဲ.....ကျွန်တော် ရွာပြန်မလို့ ဘာမှာအုံးမလဲလို့ပြောလို့ရပါ့မလား။
တော်ပါပြီလေ.....ပြန်လာမှပဲ....တွေ့ပါရစေတော့။
.
.
.
.
.
ရွာရောက်တော့ အမေ့မှာ ဘဂျမ်းပိန်သွားပါတယ်ဆိုပြီး တွေ့တွေ့ချင်း ငိုပါတော့သည်။ ဘဂျမ်းမှာ အ​မေ့ကိုချော့နေရသေးတာ။ ဘဂျမ်း ရွာမပြန်တာ နှစ်ဝက်ပြည့်တော့မည်။ ငယ်ငယ်ကသူငယ်ချင်းတွေရော....အမျိုးတွေရော ဘဂျမ်းကို လာတွေ့​ကြသည်။ စကားပြောနေရတာ မိုးချုပ်သည်ထိ။ ဘဂျမ်းကိုတော့ ချစ်ကြ ခင်ကြသည်။ ဘဂျမ်းက လိမ္မာသည်ကိုး။ ပေးစရာရှိတဲ့လက်ဆောင်တွေခွဲဝေပေးရသည်။
အမေက ရွာမှာ ရက်ကြာကြာနေစေချင်သေးသည်။
တိုင်ပင်စရာလဲရှိသည်တဲ့။
ဘဂျမ်း ဟုတ်ကဲ့ အမေဟုသာပြောထားလိုက်သည်။
ရက်ကြာကြာနေဖို့တော့ မလွယ်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now