part(45)

8.9K 849 23
                                    

အကြင်နာ လန့်ဖျား

"ဝတ်ရည်ရေ....လင်းသန့်ရေ....ဘဂျမ်းဖျားနေတယ်ထင်တယ်"

"ဟုတ်လား"

ရင်ထဲ ထိတ်တော့ထိတ်သွားပေမဲ့ လင်းသန့်ကြည်က အိန္ဒြေမပျက်သွားဘူး။စားလက်စကို ဆက်ပြီးစားနေတယ်။ ဘာဖြစ်ပြန်ပြီလဲ....မသိပါဘူးလို့စိတ်ကတွေးပြီး အစားကိုသွက်သွက်စားရတယ်။

"ရေချိုးတာကြာသွားလို့နေမှာ...ကားလဲရေဆေးလိုက်တယ်ထင်တယ်...ပါပါးပြန်လာတော့ ဘဂျမ်းရေချိုးနေတာတွေ့တယ်"

ကားဂိုထောင်ရှေ့မှာ ရေစက်ကိုထားတာဆိုတော့...ဘဂျမ်းက ဒန်းလေးနားအကွယ်မှာရေချိုးတာ။ ပြန်ရောက်လာကြတော့ ခုနှစ်နာရီကျော်ပြီ။ ရာသီဥတုက အေးစက်စက်မှာ အမောင်ဘဂျမ်းက လုပ်မိလုပ်ရာ လျှောက်လုပ်နေတာ။ စိတ်နဲ့လူနဲ့မကပ်ဘူး။ ကားကိုရေဆေးတာလဲ ဆပ်ပြါရည်နှစ်ခါလောင်းမိလို့ နှစ်ခါပြန်ဆေးရတယ်။ ရေချိုးတော့လဲ မေ့မေ့လျော့လျော့နဲ့ရေတွေလောင်းလိုက် လောင်းလိုက်နဲ့ ကြာလို့ကြာမှန်းမသိဘူး။ ခုတော့ ဖျားပြီထင်သည်။
ခေါင်းတွေထိုးကိုက်ပြီး လူကချမ်းစိမ့်စိမ့်ဖြစ်လာတယ်။
ဒါပေမဲ့...သူကတော့ အပေါ်ပိုင်းအဝတ်ဗလာနဲ့ မှောင်ထဲထိုင်ပြီး ငေးနေတယ်။ ဘာမြင်ရတယ်တော့မသိဘူး။

ထမင်းစားဖို့ အန်တီရှိန်က ဖုန်းဆက်ခေါ်ရင်း ဘဂျမ်းဖျားနေပြီထင်တယ်တဲ့...အသံကတုန်ပြီး ခေါင်းကိုက်တယ်လို့ပြောတယ်တဲ့..သတင်းစကားပါလာတာ။

"ဒါဆိုလဲ သွားကြည့်ပေးလိုက်အုံးနော်....ထမင်းမစားနိုင်ရင် ဆန်ပြုတ်ဖြစ်ဖြစ် ခေါက်ဆွဲပြုတ်ဖြစ်ဖြစ် တစ်ခုခုလုပ်ပေးလိုက်မယ်"

"အင်း...အင်း..ထမင်းစားပြီးရင် ကြည့်ပေးလိုက်မယ်"

ထမင်းစားပြီးတာနဲ့ဝတ်ရည်က ဘဂျမ်းဆီသွားဖို့ပြင်သည်။ ဆေးသေတ္တာကိုယူပြီး ဝတ်ရည်နောက်ကပဲ လိုက်လာခဲ့လိုက်တယ်။
စိတ်ကပူနေပေမဲ့..လူက ပေကပ်ကပ်နဲ...ကောက်ချင်နေသေးတယ်။

မှောင်မဲနေတဲ့ လှေကားမှာ...ဘဂျမ်းရေ...ဘဂျမ်းရေ နဲ့ ဝတ်ရည်ကခေါ်ပြီးတက်တယ်။
တက်နေကျမဟုတ်တဲ့ လှေကားဆိုတော့ မှောင်မဲထဲမှာ ကံကောင်းလို့ ဝတ်ရည်မ ပြုတ်မကျတယ်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now