အစပြုခြင်းသိပ်မကြာမှီပင် ဘဂျမ်း အိပ်ပျော်သွားသည်။
ညက နက်လာပြီ။
လင်းသန့်ကြည်ကတော့ တစ်နေကုန် မနားရသေးပေမဲ့...ခုဏ တရေးအိပ်လိုက်လို့လားမသိ။ ပြန်အိပ်မရတော့ပါ။ ပြီးတော့လဲ ဒီလူနာကို ထားပြီးအိပ်ဖို့လဲ စိတ်ကဒုံးဒုံးမကျ။ လင်းသန့်ကြည်အတွက်ကတော့ မထူးဆန်းပါ။ ဒီလိုပဲ လူနာစောင့်မပါသည့် လူနာတွေကို လင်းသန့်ကြည် သတိထားပြီး စောင့်ရှောက်သည်။ သက်ကြီးရွယ်အိုတွေဆို လင်းသန့်ကြည်ပိုပြီးစောင့်ရှောက်သည်။ ဒီလို လူကောင်လဲကြီးကြီးအရွယ်ကောင်းတစ်ယောက်ကို စောင့်ရှောက်ရတာကတော့ ပထမဆုံးပါပဲ။ကိုဝင်းအောင်ကိုတော့ ဘဂျမ်းပြန်လွှတ်လိုက်ပြီ။
ကိုဝင်းအောင်က တနေကုန် ပင်ပန်းထားရှာတာ။ ညအိပ်ပျက်တာမျိုး မလုပ်စေချင်ပါ။ ဒီည အိပ်ရေးပျက်သွားလို့ နောက်နေ့ နားလို့ရသည့်ဘဝတွေလဲမဟုတ်။
ကိုဝင်းအောင်က ရပါသည်...စောင့်ပေးမည်...ပြောတာတောင် ဘဂျမ်းလက်မခံ။ အတင်းပြန်လွှတ်သည်။ခုတော့....ဘဂျမ်း ကုတင်ဘေးတွင်ထိုင်ကာနေသူက....လင်းသန့်ကြည်ရယ်ပါ။
လင်းသန့်ကြည် ဘဂျမ်းမျက်နှာကို ကြည့်သည်။
ဟိုတနေ့က ဆေးခန်းလာတုန်းကတောင် ဒီထက်ပိုပြီး အဆင်ပြေသည်။ လင်းသန့်ကြည်ကို ငေးကာကြည့်သော ထိုမျက်ဝန်းနက်တွေကို အမှတ်ရသည်။ ခုတော့ မျက်တောင်ထူထူကြားမှာ မျက်ဝန်းလေးတွေမှိတ်လို့။ ချောင်ကျနေသည့် မျက်တွင်း.....မျက်ခုံးမွှေးက ထူပြီး စိမ်းမှောင်နေသည်။ သူ.....ဘဂျမ်း....မျက်လုံးလေးတွေ လှတာ လင်းသန့်ကြည် မှတ်မိသည်။
ပိပိရိရိစေ့ကာထားသော နှုတ်ခမ်းလွှာတွေက ခြောက်သွေ့ကာနေသည်။ အပူကြီးတာကိုများ ဘယ်လိုတောင့်ခံသည်တဲ့လဲ။
နှာဖျားကော့ကော့နဲ့ ဖြောင့်စင်းစင်း နှာတံ....
ကြည့်နေရင်းမှာပင်.....ခြောက်သွေ့နေသော နှုတ်ခမ်းအစုံက လှုပ်ချင်သလိုဖြစ်နေသည်......"အင်း......အင်း.....ဟင်းးးး"
ဘဂျမ်းဆီမှ....ညည်းညူသံတိုးတိုးလေးထွက်လာသည်။လင်းသန့်ကြည် လက်တွေက အလိုလိုပင် ဘဂျမ်းလက်တွေကို ဆုပ်ကိုင်မိသည်။
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....