ကောက်တော်မူ.....
.
.
.
.
အလုပ်ထဲ ရောက်ရင်တော့ အရာရာမေ့ရတာပါပဲ။
အလုပ်ကိုပဲ အာရုံအပြည့်ရောက်သွားတော့တာ။
လင်းသန့်ကြည်က အရင်ကတည်းက အလုပ်သရဲဟာကို.....သိချင်တတ်ချင်များလွန်းသူပဲလေ။
အတိမ်းအစောင်းမခံတဲ့ အလုပ်ဆိုတော့ အာရုံကိုစိုက်ထားတတ်တာ အကျင့်ဖြစ်နေပါပြီ။မောင်က စိတ်ပူစရာမရှိ ပူနေတာ။
တစ်နေကုန်.....အလုပ်တွေ များလှသည်။
ထမင်းစားဖို့ နာရီကြည့်တော့....နေ့လည် နှစ်နာရီထိုးတော့မယ်။
ဟားးးးး......ခုမှ ဗိုက်ဆာဖို့သတိရသည်။"သွားမယ်လေ....ကန်တင်းကို....ဗိုက်ဆာနေပြီ"
"ကိုကို့ကို အိမ်ပြန်ပို့ပေးရင်းနဲ့တဲ့....အိမ်ကိုဝင်ပြီး....ထမင်းဗူးယူလာပါသတဲ့....ကိုကြီးဘဂျမ်းက...ရော့....ဒီမှာ....စားမယ်"
"ဟုတ်...လား.....အင်း...အင်း"
ဖွင့်လိုက်တော့.....ရှောက်သီးသုတ်....ကြာဇံဟင်းခါးနဲ့ ဝက်သားနီချက်....ပြီးတော့....ဒီဗူးက ဘာလဲ...
ပုစွန်တွေ....လတ်ဆတ်နေတဲ့ ပုစွန်တွေက....ဗူးထဲမှာ ပြည့်သိပ်လို့ရယ်။
ချက်ထားတာ ပူနွေးနေသေးတယ်။
မွှေးတက်လာတဲ့ ပုစွန်ရနံ့...."ဝတ်ရည်.....ပုစွန်တွေ အများကြီးပဲ....အဟေး"
"စားပေါ့....နင်ကြိုက်တာကိုပဲ....ငါ မစားချင်ဘူး"
ဟုတ်တယ် ဝတ်ရည်က ပုစွန်သိပ်မကြိုက်ဘူး။
ဒါပေမဲ့....အများကြီးပဲကို...ဗူးက ကြီးရတဲ့အထဲ....ဗူးထဲမှာ ပုစွန်တွေ အပြည့်အသိပ်။"ဆရာ.....ဖုန်းလာနေတယ်...ဆရာ့ဖုန်း"
သူနာပြုလေးယူလာပေးတဲ့ ဖုန်းကို ကြည့်လိုက်တော့.....မောင် ခေါ်တဲ့ဖုန်းပဲ...
လင်းသန့်ကြည် ဝတ်ရည်ကို စားနှင့်လို့ပြောရင်း ဘေစင်ကိုလက်ဆေးဖို့ လျှောက်လာရင်း ဖုန်းပြောရတယ်။
လက်က ဆေးပြီးသား...
ဖုန်းကို ဝတ်ရည်တို့ရှေ့မပြောချင်လို့ ထွက်လာတာ။
အရွှီအရှောင်တွေ တတ်နေတဲ့ ဒေါက်တာလင်းသန့်ကြည်။"ဟယ်...လို"
"ငယ်ထွေး...ထမင်းစားပြီးပြီလား"
"ခုမှ....အလုပ်ပြီးတာ....စားတော့မလို့..."
"မောင် ပုစွန်တွေ ထည့်ပေးထားတယ်နော်....အများကြီးစားလိုက် ငယ်ထွေး....အိမ်ကိုပြန်ပြီး မောင်ကိုယ်တိုင် ချက်လာတာ"

BẠN ĐANG ĐỌC
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Lãng mạnမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....