part(67)

9.9K 800 20
                                    

ဘယ်သူကပိုခဲ့တာလဲ....

.
.
.
တစ်ပတ်လောက်ထိ ဗန်းမောက်ဆေးရုံမှာ လင်းသန့်ကြည်ရှိနေတယ်...မောင့်အနားမှာပေါ့။
အာကာနဲ့လင်းသန့် ကြည့်ရသလောက် ရန်ကုန်ရောက်ရင်တော့...မောင့်ကိုဆေးစစ်ကြည့်ရမယ်လို့ဆုံးဖြတ်ကြတယ်။ အာကာလဲဝိုင်းပြောပေးတာကြောင့် ရန်ကုန်ကို မောင်လိုက်ခဲ့ဖို့အကြောင်းရှိလာတယ်။
ကိုဝင်းအောင်ကလဲ လိုက်သွားစေချင်တယ်...နားနားနေနေဆေးသေချာစစ်ပြီး ကုဖို့လိုရင်ကုစေချင်တယ်။
ဒါပေမဲ့...ခက်နေတာက..အလုပ်ကိုနောက်ဆံငင်နေတဲ့ ဘဂျမ်း...

ငယ်ထွေးစိတ်ဆိုးမှာစိုးလို့ထုတ်ဖော်မပြောပေမဲ့ သိသာတယ်။ သူ့အလုပ်တွေကို ကြာကြာပစ်မထားချင်ဘူး။ ငယ်ထွေးနဲ့လဲ တူတူနေချင်တယ်။ ဒါဆိုရင် တောထဲကို ငယ်ထွေးလိုက်ခဲ့မယ် လတ်တလောစီစဥ်စရာရှိတာစီစဥ်ပြီး ကိုဝင်းအောင်နဲ့ထားခဲ့မယ်ဆိုလဲ မဟုတ်ပြန်ဘူး။
တောထဲကို ငယ်ထွေးမလိုက်စေချင်ဘူးတဲ့။
ဘာကြောင့်ဆို...ယောကျားတွေချည်းပဲတဲ့...
အဲ့တော့မှ...ငယ်ထွေးတစ်ယောက် ပေါက်ကွဲတော့တာ...သူလဲ ယောကျားပဲဆိုပြီး...
မနည်းတောင်းပန် မနည်းချော့ထားရတယ်။

ခုထိ မောင့်အလုပ်အကြောင်း ငယ်ထွေးမမေးသလို မောင်လဲ ပြောမပြသေးဘူး။
ပြောပြနေစရာလဲ မလိုဘူး။
ငယ်ထွေးက မောင့်ကိုပိုင်ဆိုင်မှုမရှိလဲ အကြင်နာပုံအောပေးခဲ့ပြီးသား။
ငယ်ထွေးရဲ့ပိုင်ဆိုင်မှုကြောင့်မို့လို့ မောင် ငယ်ထွေးကိုကြင်နာခဲ့တာမဟုတ်ဘူးဆိုတာလဲ ငယ်ထွေးသိခဲ့ပြီးသား။ ဘယ်နေရာမှာ ဘယ်လောက်အောင်မြင်နေပါစေ...မောင်ကငယ်ထွေးရဲ့မောင်...ငယ်ထွေးက မောင့်ငယ်ထွေး။
မောင်က သူဌေးဆိုတာတောင် ကိုဝင်းအောင်ပြော ပြောနေလို့ကြားမိတာ။
ဘယ်လောက်ချမ်းသာလဲ ငယ်ထွေးမသိဘူး။

"မောင်....ငယ်ထွေးအလုပ်တွေဆီကိုလဲ သွားရတော့မယ်...မောင် ဆုံးဖြတ်ချက်မြန်မြန်ချပါ...မောင် သိပ်လဲကောင်းသေးတာမဟုတ်ဘူး...ရန်ကုန်ပဲ ပြန်ရအောင်ကွာ...တောထဲ နောက်မှသွားတော့"

"အင်း...မောင် ဘယ်လိုလုပ်ရမလဲတောင်မသိဘူး"

"မောင်.. အလုပ်သရဲလုပ်မနေပါနဲ့တော့...ငယ့်နောက်မလိုက်ချင်ဘူးလား...ရန်ကုန်မှာကိစ္စတွေလုပ်ပြီးရင် ငယ်က တာဝန်ယူထားတဲ့အလုပ် လုပ်ရမှာ မောင်ရဲ့"

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now