part(18)

8.5K 891 22
                                    

Unicode

နောက်တစ်နေ့မနက် မိုးလင်းတာနဲ့ ဘဂျမ်း အလုပ်လုပ်ဖို့ ဒွိဟဖြစ်နေသည်။ ကယ်ရီဂိတ်ကိုသွားရင်ကောင်းမလား မသွားရင်ကောင်းမလားတွေးနေတာပါ။
ညက အမေနဲ့ဖုန်းပြောသေးတာလေ....အမေက နားလိုက်ပါအုံးတဲ့။ အဖျားကရှင်းရှင်းကြီးပျောက်သွားတာမို့ ဘဂျမ်းက အလုပ်လုပ်ချင်နေပြီ။

သူလေးကလဲ ပြောထားတယ်လေ....နားဖို့....
နားရင်ကောင်းမလား....အိမ်ထဲမှာ ဒီလိုချည်းပဲ ခွေနေရတာမကောင်း။ ကိုယ်ကအပေါင်းမသင်းလဲမရှိတော့ပိုဆိုးသည်။ တစ်ဆောင်လုံးရျိသမျှလူတွေက အလုပ်သွားကြသည်။ တစ်ချို့ ညဘက်အလုပ် လုပ်ရသူတွေက နေ့ဘက်ဆို အိပ်ကြတာများသည်။ တစ်ဆောင်လုံးတိတ်ဆိတ်လို့။ ပိတ်ရက်မှ လူစုံတာ။ လူစုံရင်လဲ မနေနိုင်အောင်ပွက်လောရိုက်နေတတ်သည်။

သြော်....အမေ့ကိုလေ ဘာရယ်မဟုတ်....အကြည်ရောင်ဆရာဝန်လေးအကြောင်းပြောပြလိုက်သေးတယ်။ အမေက အဝေးကနေ လှမ်းပြီးကျေးဇူးတွေတင်နေတာပေါ့။
ညနေတော့ ဆေးခန်းသွားရလိမ့်မည်။ သူက ဒီနေ့ညနေ ဆေးခန်းကိုလာခဲ့ဖို့ပြောထားသည်ကိုး။

အစားတော့ပျော့တာတွေမစားတတ်လို့ ထမင်းကိုပဲ နည်းနည်းစားလိုက်သည်။ သောက်ဆေးဒဏ်ခံနိုင်ရုံပေါ့။

ဘဂျမ်းက အစားတော့သိပ်များများမစားနိုင်။ ပုံမှန်လောက်စားသည်လို့ပဲ ပြောရမည်။ တကယ်ဆို ဘဂျမ်းလုပ်ခဲ့သည်က အလုပ်ကြမ်းတွေများသည်။ ကိုယ်ကာယခွန်အားသုံးရတာမျိုးတွေရှိခဲ့ပေမဲ့ ဘဂျမ်းက အစားမကြူးတတ်။ နည်းနည်းပဲစားတာလားဆိုတော့လဲမဟုတ်။ ပုံမှန်ယောကျားတစ်ယောက်စားသလောက်ပဲစားတာပါ။ ကုန်စိမ်းဆိုင်မှာအလုပ်အတူလုပ်သူတွေကို ဆိုင်ပိုင်ရှင်က ထမင်းကျွေးပြီလားဆိုရင် ဟင်းမချသေးခင် ထမင်းချည်းတစ်ပန်းကန်ကုန်အောင်စားကြသူတွေ ရှိသည်။ သူတို့က ပင်ပင်ပန်းပန်းလုပ်ရတော့ အစားများများစားမှတဲ့။ ညနေစောင်းရင် အရက်လဲခိုးသောက်ကြသေးတာ။ ဘဂျမ်းက အဲ့ဒီအချိန်ကတည်းက ကိုယ့်စည်းနဲ့ကိုယ့်ကမ်းနဲ့နေခဲ့တဲ့သူ။
ဆိုင်ရှင် လင်မယားကလဲတစ်ရွာထဲသားချင်းလဲဖြစ်... လိမ္မာတဲ့ ဘဂျမ်းကို သဘောကျကြသည်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now